ယခုခေတ်ဖက်ရှင်မော်ဒယ်တွေအနေနဲ့ မှုန်ကုပ်ကုပ်၊ စူပုပ်ပုပ်အကြည့်တွေအစား ရွှင်ရွှင်လန်းလန်းပုံစံ ဖြစ်သင့်ကြောင်း ကမ္ဘာ့ အသက်အကြီးဆုံးမော်ဒယ် အကြံပေးပြောဆို


ယခုခေတ် မော်ဒယ်တွေဟာ ဖက်ရှင်လျှောက်လမ်းမှာ ဟန်ပါပါ catwalk လျှောက်တဲ့အခါမှာ မျက်နှာ ရှစ်ခေါက်ချိုးနဲ့ စူးစူးဝါးဝါးကြည့်လေ့ ရှိပါတယ်။ ဒါပေမယ့် ကမ္ဘာ့အသက်အကြီးဆုံးမော်ဒယ်တစ်ဦး ကတော့ သူမကို အတုခိုးပြီး ရွှင်ရွှင်လန်းလန်းဖြစ်နေဖို့ အကြံပေးလိုက်ပါတယ်။
၁၉၅၀ ပြည့်နှစ်တွေကတည်းက မော်ဒယ် စလုပ်လာခဲ့သူ  Daphne Selfe က ဒီနေ့ ခေတ် လျှောက်လမ်းမှာ လျှောက်နေကြတဲ့ မော်ဒယ်လူငယ်လေးတွေဟာ ကြည့်ရတာ စိတ်မချမ်းမြေ့စရာဖြစ်တယ်လို့  ညည်းညူ ပြောဆိုလိုက်ပါတယ်။
ယခုအခါ အသက် ၈၇ နှစ်ရှိပြီဖြစ်တဲ့ Daphne Selfe က Cheltenham စာပေပွဲတော်မှာ သူမအနေနဲ့  လျှောက်လမ်းပေါ်မှာ ကိုယ်ဟန်ပြရတဲ့ အတွေ့ အကြုံကို နှစ်ခြိုက်မိကြောင်း ပရိတ်သတ်တွေကို ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် အသက် ၂၃ နှစ်သာရှိသေးတဲ့ နာမည်ကျော်စူပါမော်ဒယ် Cara Delevinge အပါအ၀င် ဒီဘက်ခေတ်မော်ဒယ်တွေရဲ့ မျက်နှာတွေမှာ သူမလို ကြည်နူးချမ်းမြေ့မှုမျိုးကို မတွေ့ ရဘူးလို့ ဝေဖန် လိုက်ပါတယ်။
“ catwalk မှာ ကြွကြွရွရွလှမ်းသွားရတဲ့အလုပ်ကို ကျွန်မတကယ်နှစ်ခြိုက်ပါတယ်။ အခုတော့ သူတို့ (ဒီဘတ်ခေတ်မော်ဒယ်) တွေအကုန်လုံးက မှုန်ကုပ်ကုပ်တွေဖြစ်ကုန်ပြီလို့ ရှင်တို့ မထင်ကြဘူးလား။ ဘာလို့ သူတွေအကုန်လုံးက စိတ်မချမ်းမြေ့စရာပုံပေါက်နေ ရတာလဲ။ ကျွန်မဆို လျှောက်လမ်းပေါ်လျှောက် ရရင်ကို ပျော်နေတတ်တယ်။ ပွဲကြည့်ပရိတ်သတ်တွေကို သွားပေါ်အောင်ပြုံးပြနေရမယ်လို့ ကျွန်မ မဆိုလိုပါဘူး။ ဒါပေမယ့် ပုံစံက နှစ်လိုဖွယ်ဖြစ်နေရမယ်လို့ တော့ ကျွန်မထင်တယ်” လို့ Miss Selfe က ပြောကြားခဲ့ပါတယ်။
Miss Selfe ဟာ မော်ဒယ်သက်တမ်း နှစ် ၆၀ ကျော်အတွင်းမှာ Dolce & Gabbana ၊ Gap ၊ Nivea ၊ Olay လိုမျိုး ဖက်ရှင်နဲ့ ပတ်သက်တဲ့ ကုမ္ပဏီတွေ အတွက် ကိုယ်ဟန်ပြပေးခဲ့သူဖြစ်ပါတယ်။ သူမဟာ ထိပ်တန်း ဖက်ရှင် မဂ္ဂဇင်းတွေဖြစ်တဲ့ Vogue ၊ Marie Claire တို့ တွေမှာလည်း ပါဝင်ခဲ့သူဖြစ်ပြီး Mario Testino လို နာမည်ကျော် ဓာတ်ပုံပညာရှင်တွေကိုယ်တိုင် ရိုက်ကူးခဲ့ရသူဖြစ်ပါတယ်။ ဒီ့အပြင် သူမဟာ ‘ကမ္ဘာ့အသက်အကြီးဆုံး ဖယ်ရှင်မော်ဒယ်’ အဖြစ် ဂင်းနစ်စံချိန်ကို လက်ရှိပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။
Ref: Dailymail 
Trend Myanmar
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment