Emoji အမျိုးမျိုးပါတဲ့ ‘Reactions’ ခေါ် Like ခလုတ်အသစ်ကို Facebook စတင် စမ်းသပ်မည်


အပြောင်းအလဲတွေ အမျိုးမျိုးပြုလုပ်နေတဲ့ Facebook အနေနဲ့ နောက်ထပ်တစ်ဖန် ‘Reactions’ လို့ အမည်ပေးထားတဲ့ feature တစ်ခုကို ထုတ်တော့မှာဖြစ်ပြီး ကြာရှည်စွာ ရပ်တည်နေတဲ့ ‘Like’ တစ်ခုတည်းအစား user တွေအနေနဲ့ စိတ်ခံစားချက်အမျိုးမျိုးကို ဖော်ပြနိုင်တော့မှာဖြစ်ပါတယ်။
Engadget ရဲ့ အဆိုအရ အိုင်ယာလန်နဲ့ စပိန်တို့ မှာ ဒီ feature အသစ်ကို မနက်ဖြန်ပဲ စတင်စမ်းသပ်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီ ၀န်ဆောင်မှုအသစ် ဟာ သူငယ်ချင်းမိတ်ဆွေတွေနဲ့ မိသားစုဝင်တွေ တင်တဲ့အကြောင်းအရာပို့ စ်တွေ အပေါ် သင့်ရဲ့ စိတ်ခံစားချက်ကို ဖော်ပြနိုင်ဖို့ အတွက်ဖြစ်ပါတယ်။
အဖော်မွန်ဟောင်းကြီး ‘Like’ ခလုတ်ကိုလည်း ဆက်ထားရှိမှာဖြစ်ပေမယ့် Like နဲ့ အတူ အချစ်သင်္ကေတ၊ ရယ်မောနေတဲ့ပုံ၊ အားပါးတရပြုံးနေပုံ၊ အံ့အားသင့်တုန်လှုပ်သွားပုံ စတဲ့ စိတ်ခံစားချက်ဖော်ပြတဲ့ emoji ပုံ အမျိုးမျိုးအထွေထွေ ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။
သုံးစွဲသူ user ရဲ့ ပို့ စ်တွေ၊ page တွေက ပို့ စ်တွေမှာပါ ဒီ reaction ကို သုံးနိုင်မှာဖြစ်ပြီး Ad Manager မှာတော့ ဒီ ပေးထားတဲ့ reaction တွေအကုန်လုံးဟာ like အနေနဲ့ ပဲ ပေါ်နေဦးမှာဖြစ်ပါတယ်။ ဒီ ၀န်ဆောင်မှုအသစ်ကို တခြားနိုင်ငံ၊ဒေသတွေမှာ ဘယ်တော့စသုံးလို့ ရမလဲဆိုတာကိုတော့ အသေးစိတ် မသိရသေးပါဘူး။
Ref: Engadget 
Trend Myanmar
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment