ကျေးရွာတစ်ရွာရောက်တိုင်း အသံချဲ့စက်အသုံးပြုခွင့် ထပ်လျှောက်ရ၍ ကိုယ်စားလှယ်လောင်းများအခက်အခဲကြုံတွေ့



ဆင်ပေါင်ဝဲမြို့နယ် အတွင်း ကျေးရွာများသို့ မဲဆွယ် စည်းရုံးရေး သွားရောက်မှုများ တွင် သက်ဆိုင်ရာ ရပ်ကျေးအုပ် ချုပ်ရေးမှူးများထံမှ အသဲချဲ့စက် အသုံးပြုခွင့်တောင်းခံနေရသည့် အတွက် အခက်တွေ့နေရကြောင်း ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင် မည့် ပါတီကိုယ်စားလှယ်လောင်း များထံမှ သတင်းရရှိသည်။

‘‘ဘယ်ရွာသွားသွား ရောက် တဲ့ရွာတိုင်းမှာ အသံချဲ့စက်အသုံး ပြုခွင့်တောင်းနေရတယ်။ အခက် အခဲဖြစ်တာပေါ့။ လမ်းပန်းဆက် သွယ်ရေးက မကောင်း။ အချိန်က မရပါဘူးဆို။ ကော်မရှင်လည်း ကြိုတင်ရ။ ပြီးပြီလားဆိုတော့ မပြီးသေးဘူး။ ရွာအုပ်ချုပ်ရေးမှာ အသံချဲ့စက် ခွင့်ပြုစာတောင်းရ သေးတယ်။ ကြန့်ကြာတာတွေဖြစ် တယ်’’ဟု ညီညွတ်သော ဒီမိုက ရက်တစ်ပါတီမှ အမျိုးသားလွှတ် တော် ကိုယ်စားလှယ်လောင်း ဦးဉာဏ်လင်းအောင်က ပြော သည်။

အမျိုးသားလွှတ်တော် အ မှတ် (၈) မဲဆန္ဒနယ်ဖြစ်သော အောင်လံနှင့် ဆင်ပေါင်ဝဲမြို့နယ် များတွင် စည်းရုံးရေးခရီးရောက် ရှိသည့် ကျေးရွာတိုင်း၌ အသံချဲ့ စက်ခွင့်ပြုချက်တောင်းခံနေရခြင်း ဖြစ်သည်။

ခွင့်ပြုချက်တောင်းခံရာတွင် အဆင်ပြေစွာ ရရှိသော်လည်း သွားလာရေးကိစ္စများဖြင့် ဒုက္ခ များရကြောင်းလည်း အောင်လံ မြို့နယ် အမျိုးသား တိုးတက်ရေး ပါတီမှ တိုင်းလွှတ်တော် ကိုယ်စား လှယ်လောင်း ဦးကျော်ဇေယျဝင်း က ပြောသည်။

‘‘ပါတီက တရားဝင်ထောင် ထားတဲ့ပါတီတွေပါ။ မဲဆွယ်ခွင့် ကာလမှာပဲ အသံချဲ့စက်လည်း သုံးမှာပဲလေ။ အများပြည်သူအ နှောင့်အယှက်မဖြစ်ဖို့သာ ပါတီ ဘက်က ထိန်းမယ့်တာဝန်ပဲလေ။ မြို့နယ်မှာ ဘယ်ရက်ဘယ်သွား မယ်ကြိုတင်ရတယ်လေ။ အဲဒီက တည်းက အသံချဲ့စက်အသုံးပြု ခွင့်ကို တစ်ခါတည်းလုပ်ပေးလိုက် ရင်တော့ အလုပ်မရှုပ်တော့ဘူးပေါ့’’ဟု ဦးကျော်ဇေယျဝင်းကပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် မကွေးတိုင်းအောင်နိုင်ရေး အဖွဲ့ဝင် ကိုကျော်ဆန်းထူးကမူ အဆိုပါအသံချဲ့စက်အသုံးပြုခွင့် အတွက် ရပ်ကျေးအောင်နိုင်ရေး များတစ်ဆင့်မှ ခွင့်ပြုချက်ကြိုတင် တောင်းခံထားသဖြင့် အဆင်ပြေ သော်လည်း အလုပ်ရှုပ်သလို ဖြစ် နေကြောင်း ဖြေကြားသည်။

အောင်လံမြို့နယ် ရွေး ကောက်ပွဲကော်မရှင် အဖွဲ့ဝင် တစ်ဦးက စည်းကမ်းသတ်မှတ် ချက်များနှင့် ညွှန်ကြားချက်များ အရသာ ဆောင်ရွက်ရခြင်းဖြစ်ပြီး အနှောင့်အယှက်အဟန့်အတား မရှိ အဆင်ပြေစွာ စည်းရုံးခွင့်ရ အောင် စီစဉ်ဆောင်ရွက်ပေးထား ကြောင်း ပြောကြားသည်။

7daydaily
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment