မှော်ကျောက်စာနဲ့ဝိဥာဉ်စိမ်းကို အားရပါတယ်ဆိုတဲ့ မြင့်မြတ်


အရင်ကထက် ရုပ်ရှင်ကားကြီးတွေ ပိုရိုက်လာရတယ်လို့ပြောလာတဲ့ မြင့်မြတ်က အနုအရွ အလှအပ အချစ် ဖန်စီရိုမန့်စ် ဇာတ်ကားတွေထက် အကြမ်းအရမ်းကားတွေ ရိုက်ရတာပိုကြိုက်နေသလို ဟာသနဲ့ဒရာမာကို လဲ မျှအောင်ရိုက်ဖြစ်တယ်လို့ ဆိုလာပါတယ်။ မြင့်မြတ်နဲ့တွေ့ဆုံခိုက် သိချင်တာလေးတွေ မေးမြန်းကြည့်တဲ့အခါ
"အခုရိုက်နေတဲ့ကားလေးက တစ်နပ်စားတဲ့။ ဒါရိုက်တာက ဦးဇော်မြင့်ဦး၊ မင်းသမီးက အိချောပိုနဲ့ အန်တီခင်မို့မို့အေးပါပါတယ်။ ဒီကားလေးက ရပ်ကွက်ဆန်တဲ့ ကားလေးပေါ့။ သဘာဝကားလေးလို့လဲပြောလို့ရတယ်။ ကျွန်တော်က ဒီကားထဲမှာ ထီရောင်းပြီး အမေကို လုပ်ကျွေးနေတဲ့ သားတစ်ယောက်ရဲ့နေရာကပါ။ ဒီရဲ့အရှေ့မှာ ဗလရဲ့ဇဆိုတဲ့ ကားလေးလဲ ရိုက်ထားတယ်။ အဲ့ဒီကားလေးမှာ ဒါရိုက်တာက နေပိုင် ၊ မင်းသမီးက ရတနာဗိုပေါ့။ နောက်ကိုထူးခြားပါမယ်။ ဟာသကားလေးပါပဲ"လို့ သူက ပြောပြသွားပါတယ်။
ရုပ်ရှင်ကားကြီးနည်းတဲ့မြင့်မြတ်က အရင်နှစ်တွေထက် ကားကြီးတွေ ဆက်တိုက်ရိုက်ဖြစ်နေတာနဲ့ပတ်သက်ပြီးတော့လည်း သူက "ကားကြီးက အရမ်းတော့မများပါဘူး။ ဒါပေမဲ့ အရင်နှစ်တွေထက်တော့ ဒီနှစ်မှာ ပိုရိုက်ရတယ်။ ဗီဒီယိုကတော့ ပုံမှန်ပဲရိုက်ဖြစ်နေပါတယ်။ နောက်ကားကြီးအနေနဲ့ရိုက်ဖို့ရှိတာက ကိုဝိုင်းနဲ့ရှိမယ်။ အဲ့ဒီကားက ကိုဝိုင်းနဲ့ဒုတိယအကြိမ် ထပ်ဆုံမဲ့ကားပေါ့။ အရှေ့မှာက ကျောက်စက်ရေ ရိုက်ခဲ့ဖူးတယ်။ ဇာတ်အတိအကျ သိရပြီဆိုထပ်ပြောပါ့မယ်။ ကားကြီးနဲ့ပတ်သက်ပြီးကျွန်တော်အားရတာက မှော်ကျောက်စာအားရတယ်။ နောက်အရှေ့မှာရိုက်ခဲ့တဲ့ ၀ိဥာဉ်စိမ်းအားရတယ်။ အဲ့ဒီနှစ်ကားပေါ့။ မှော်ကျောက်စာဆို တစ်ကားလုံး ကျွန်တော့်ရိုက်ခဲ့တဲ့ ဆင်းန်မှန်သမျှ အားရတယ်။ ၀ိဥာဉ်စိမ်းလဲအဲ့ဒီလိုပါပဲ။ ၀ါရင့်သရုပ်ဆောင်တွေလဲ များတယ်။ တစ်ကားလုံးကို အကောင်းဆုံးကြိုးစားထားတယ်။ သရုပ်ဆောင်တွေလဲများသလို ကိုယ်သရုပ်ဆောင်ရမဲ့ ကာရိုက်တာအတွက်လဲ အစွမ်းကုန် အဲ့ဒီကားမှာကြိုးစားထားပါတယ်"တဲ့။
ကာရိုက်တာရွေးချယ်မှုအပိုင်းကိုတော့ "ကာရိုက်တာက အခုနောက်ပိုင်းမှာ အရင်ကလို အချစ်ကားတွေသိပ်မလာတော့ဘူး။ ဖန်စီရိုမန့်စ် ထက် အချစ်ပါပေမဲ့ ဒရာမာ အချစ်ကားလေးတွေ၊ နောက် အကြမ်းအရမ်းကားတွေ ပိုပြီးဒီနှစ်ထဲမှာ ရိုက်ရတယ်။ Original Gangsta လိုပုံစံမျိုးပေါ့။ အဲ့ဒီကားလေးတွေက ရိုက်ရတာ လူငယ်လဲဆန်သလို အားလဲရတယ်။ လူငယ်အကြမ်းကားပေမဲ့ ခွဲထွက်နေတဲ့ ဇာတ်လမ်းပုံစံမျိုးပေါ့။ နောက် ဟာသပိုင်းပေါ့။ အဲ့ဒီလိုကာရိုက်တာတွေပိုရိုက်ဖြစ်နေတယ်။ အနုအရွ အချစ်ကားကတော့ ဟိုးအရှေ့မှာ ရိုက်ခဲ့တာတွေလဲရှိတယ်။ နောက်ကိုယ်တိုင်ကလဲ ဟာသနဲ့ ဒရာမာ နောက် အကြမ်းအရမ်းကားတွေကိုပိုပြီး ရိုက်ရတာ စိတ်ကျေနပ်မှုရှိနေတဲ့အတွက် ပိုရိုက်ဖြစ်နေတယ်" လို့ သူက ပြောပြပေးခဲ့ပါတယ်။
Trend Myanmar
trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment