အသက် (၁၃) နှစ်အရွယ် ကလေးငယ်တစ်ဦးသည် ပြန်ပေးဆွဲ ခံရသော်လည်း ပြန်လည် လွတ်မြောက်အောင် ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ တောင်ပိုင်း၊ ဆီချွန်ဒေသတွင် Xiayoi အမည်ရ ကလေးငယ်သည် ကျောင်းသို့ သွားရာလမ်းတွင် ပြန်ပေးသမားများ၏ ခေါ်ဆောင်ခြင်းကို ခံလိုက်ရသည်။ ယင်းနောက် ပြန်ပေးသမားများသည် ကလေးငယ်ကို ကြိုးဖြင့်ချည်နှောင်ကာ ပါးစပ်ကိုလည်း ပလတ်စတစ်ဖြင့် ပိတ်ဆို့ထားကြသည်။ ကလေးငယ်ကို လူမနေသည့်အိမ်ကို တိတ်တဆိတ် ခေါ်ဆောင်သွားခဲ့သည်။ ထို့နောက် မိဘများဆီ ဆက်သွယ်ကာ ငွေတောင်းခဲ့သည်။ သို့သော် မိဘများက မယုံကြည်သောကြောင့် ကျောင်းကို လိုက်သွားခဲ့ရာ ပျောက်ဆုံးနေသည်ကို သိရှိခဲ့ရသည်။
ကလေးငယ်သည် ရုပ်ရှင်ကားများကို ကြည့်ထားသောကြောင့် ပြန်ပေးသမားများ လက်အောက်မှ မည်သို့ လွတ်မြောက်ရန် ပြုလုပ်ရမည်ကို သိရှိခဲ့သည်။ ကလေးငယ်ကို လူမရှိသည့် နေအိမ်တွင် ထားသော်လည်း ပြန်ပေးသမားများက ယင်းအိမ်တွင် နေထိုင်ခြင်းမရှိဘဲ ဖုန်းဖြင့် ဆက်သွယ်ကာ ငွေတောင်းခဲ့ခြင်း ဖြစ်သည်။ သို့သော် ကလေးငယ်သည် ချည်နှောင်ထားသည့် ကြိုးကိုဖြေမရသော်လည်း လှုပ်ရမ်းပြီး အပြင်သို့ ရောက်အောင် သွားခဲ့သည်။ ထိုအခါ ကားတစ်စီးက တွေ့ရှိခဲ့သောကြောင့် ကယ်တင်နိုင်ခြင်း ဖြစ်သည်။
ရဲတပ်ဖွဲ့ဝင်များ ရောက်သွားချိန်တွင် ကလေးငယ်သည် ကြိုးများ ချည်နှောင်လျက်သား ဖြစ်သော်လည်း မည်သည့်ဒဏ်ရာမှ မရရှိခဲ့ကြောင်း သိရသည်။ ယင်းနောက် ကလေးငယ်ကို ဖမ်းဆီးခဲ့သော ပြန်ပေးသမားများကို ဖမ်းဆီးနိုင်ခဲ့သည်။ ပြန်ပေးသမားများထံမှ လွတ်မြောက်အောင် ကြိုးစားခဲ့သော ကလေးငယ်ကို တရုတ်မီဒီယာများက ချီးကျူးခဲ့ကြောင်း သိရသည်။
The Messenger
messengernewsjournal.com
0 comments:
Post a Comment