မွေးနေ့ပွဲမှာ ကိုယ်တိုင် ချက်ပြုတ်ဧည့်ခံခဲ့တဲ့ ( ၁၀၃) နှစ်အရွယ် အဘွားအို




အမေရိကန် ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားတွင် နေထိုင်သည် အဘွားအိုသည် အသက် ( ၁၀၃) နှစ်မွေးနေ့ကို အကောင်းဆုံး ဖြတ်သန်းခဲ့သည်။ ပြီးခဲ့သည့် တနင်္လာနေ့သည် မေရီကော့တာ အတွက် (၁၀၃) နှစ်ပြည့် မွေးနေ့ဖြစ်ခဲ့သည်။ မွေးနေ့ပွဲကို ပြုလုပ်ရာတွင် တက်ရောက်လာသူများကို ကိုယ်တိုင် တည့်ခင်း ကျွေးမွေးခဲ့ခြင်းကြောင့် အံ့အားသင့်စရာ ဖြစ်ခဲ့သည်။ မေရီကော့တာသည် လက်ရှိအချိန်ထိ ကိုယ်တိုင် ကားမောင်းနိုင်ဆဲ ဖြစ်သည်။ မွေးနေ့ပွဲကို လုပ်အားပေးအဖြစ် ၀င်ရောက် လုပ်ကိုင်နေသည့် လူမှုကယ်ဆယ်ရေး နေရာတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ မေရီ ကော့တာသည် ခင်ပွန်းဖြစ်သူ ကွယ်လွန်ပြီး နောက်နှစ်ပေါင်း (၂၀) ကျော်ကြာအထိ ယင်းနေရာတွင် လုပ်အားပေးအဖြစ် ဆောင်ရွက်နေခြင်း ဖြစ်သည်။ မွေးနေ့ပွဲကို ကျင်းပရာတွင် တက်ရောက်လာသူ ဧည့်သည့်များကို ကိုယ်တိုင် အရက်စပ်ပေးခြင်း၊ ကိုယ်တိုင် ချက်ပြုတ်ထားသော အစားအစာများကို ကျွေးမွေးခြင်း၊ မွေးနေ့ကိတ်လှီးခြင်း စသည်တို့ကို အသက်အရွယ်နှင့် မလိုက်အောင် ပြုလုပ်ခဲ့ခြင်းကြောင့် စိတ်ဝင်စားစရာ ဖြစ်ခဲ့သည်။ မေရီကော့တာသည် ငယ်စဉ်ကတည်းက ပျော်ရွှင် တက်ကြွစွာနေတတ်ပြီး ရေကူးသင်တန်း ဆရာမအဖြစ်လည်း လုပ်ကိုင်ခဲ့ကြောင်း သိရသည်။
The Messenger
messengernewsjournals.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment