ယာဉ်မောင်းကျောင်းကို ဝင်တိုက်တဲ့ ယာဉ်မောင်းကျောင်းသား




ဝါရှင်တန်ပြည်နယ်၊ ဘဲလဗ်မြို့မှာရှိတဲ့ ယာဉ်မောင်းကျောင်းကို ယာဉ်မောင်းကျောင်းသားတစ်ဦးကနေ ဝင်တိုက်ခဲ့ပြီး ဘယ်သူမှ ဒဏ်ရာမရခဲ့ဘူးလို့ သတင်းရရှိပါတယ်။

ဓာတ်ပုံကိုတော့ ဝါရှင်တန်ပြည်နယ်၊ ဘဲလဗ်မြို့ ရဲတပ်ဖွဲ့ကနေ အမှုသက်သေအဖြစ်နဲ့ ရိုက်ကူးခဲ့တာပါ။

ဒီ မတော်တဆမှုဟာ ပြီးခဲ့တဲ့ သောကြာနေ့ နံနက်က ဘဲလဗ်နိုင်းဝမ်းဝမ်း ယာဉ်မောင်းကျောင်း နဲ့ ဒီအိုအယ်လ် စစ်ဆေးစင်တာမှာ ဖြစ်ခဲ့တာပါ။

“ယာဉ်မောင်းသူကို ဘာမှမထိခိုက်ပါဘူး။ အဆောက်အအုံထဲကို ဝင်တိုက်ပြီး အထဲမှာရှိတဲ့ Shasta Cola စက်ကို ဝင်တိုက်သွားခဲ့တယ်။” လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ကံမကောင်းစွာဘဲ ဒီယာဉ်မောင်းကျောင်းသားဟာ စစ်ဆေးမှု မအောင်မြင်ဘူးလို့ သတ်မှတ်လိုက်ကြပါတယ်။

( Skyler )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref: NBC News
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment