မူးပြီး ဘောင်းဘီချွတ်၊ လိင်အင်္ဂါလှုပ်ကာ လေယာဉ်မယ်ကို လိင်ဆက်ဆံဖို့ခေါ်လို့ အရေးပေါ်လေယာဉ်ဆင်း


အရက်မူးနေတဲ့ လူတစ်ယောက်ဟာ လေယာဉ်ပေါ်မှာ ဘောင်းဘီချွတ်ပြီး လေယာဉ်မယ်တစ်ယောက်ကို လိင်ဆက်ဆံဖို့ ခေါ်ခဲ့တဲ့အတွက် လေယာဉ်ကို အရေးပေါ်ဆင်းသက်ခဲ့ရတယ်လို့ သတင်းရရှိပါတယ်။
တူရကီအခြေစိုက် လေကြောင်းကုမ္ပဏီဖြစ်တဲ့ Sun Express ပိုင် လေယာဉ်ဟာ အခင်းဖြစ်ပွားပြီးတဲ့နောက် လေယာဉ်လမ်းကြောင်းပြောင်း ခဲ့ရတယ်လို့ သိရပါတယ်။

Dublin ကနေ Izmir ကိုသွားမယ့် လေယာဉ်မှာ စီးနင်းလိုက်ပါခဲ့တာ ဖြစ်ပြီး သူငယ်ချင်းတစ်အုပ်ကြီးနဲ့ ခရီးသွားခဲ့တာလို့ AirLive.net ကနေ သတင်းထုတ်ပြန်ပါတယ်။

ဒီလူဟာ ဘောင်းဘီကိုချွတ်ပြီး အတွင်းခံကို မချွတ်ခင်မှာ သူ့လိင်အင်္ဂါကို ဝှေ့ယမ်းပြခဲ့တာပါ။ သူ့ရဲ့ ခရီးစဉ်တစ်လျှောက်ကို ဒီအတိုင်း ဆက်လုပ်နေခဲ့သလား၊ သူ့သူငယ်ချင်းတွေဟာ သူနဲ့အတူ ဆင်းနေခဲ့လား ဆိုတာကို မသိရပါဘူး။

သူတို့အုပ်စုဟာ လေဆိပ်က ဘားမှာ အရက်အလွန်အကျွံ သောက်နေခဲ့တယ် လို့တော့ မျက်မြင်သက်သေတွေက ပြောပါတယ်။

လေဆိပ်မှာ အရက်မူးနေတဲ့ ခရီးသွားဧည့်သည်တွေကို လေယာဉ်ပေါ်တက်ခွင့် ပိတ်ပင်ဖို့အတွက် ဝန်ကြီးတွေ ကြိုးစားလုပ်ဆောင်နေတယ်လို့တော့ သိရပါတယ်။

( Skyler )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref: Mirror
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment