မသန်စွမ်း ဖက်ရှင်ပြပွဲ


ဂျပန်နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် ဖက်ရှင်ပြပွဲသည် စိတ်ဝင်စားစရာ ဖြစ်ခဲ့သည်။  တိုကျို ရက်သတ္တပတ် ဖက်ရှင်ပြပွဲအဖြစ် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ဖက်ရှင်ပြပွဲဟု ဆိုထားသော်လည်း လှပသည့် မော်ဒယ်များကို မြင်တွေ့ရမည်ဟု ထင်မှတ်ထားပါက မှားသွားမည် ဖြစ်သည်။ ယခု ဖက်ရှင်ပြပွဲမှာ မသန်စွမ်းများအတွက် ရည်ရွယ် ကျင်းပခြင်းဖြစ်သည်။ ဂျပန်နိုင်ငံရှိ ထင်ရှားသော ဒီဇိုင်နာ အမျိုးသမီးတစ်ဦး ဖြစ်သည့် တီဆူယူတာသည် မသန်စွမ်းများ ၀တ်ဆင်ရန် သီးသန့်ဖက်ရှင် ဒီဇိုင်းများကို ဖန်တီးခဲ့သည်။ အဆိုပါ အ၀တ်အစားများမှာ သာမန် အ၀တ်အစားများနှင့် ကွာခြားမှုရှိသည်။  မသန်စွမ်းများအတွက် ပြုလုပ်ထားခြင်းကြောင့်  ၀တ်ဆင်ရ လွယ်ကူစေမည် ဖြစ်သည်။ ထို့ပြင် လှပနေခြင်းကြောင့် မသန်စွမ်း တစ်ဦးအတွက် စိတ်ဓာတ်ပိုင်းကို တိုးတက်စေမည် ဖြစ်သည်။
      တီဆူယူတာသည် မာစီဒီးစ်ဘင့် ဖက်ရှင်ပြပွဲတွင် မသန်စွမ်းများ ၀တ်ဆင်မည့် ဖက်ရှင်ဒီဇိုင်းများကို ပြသခဲ့ခြင်း ဖြစ်သည်။ မသန်စွမ်းများသည် ၀ှီးချဲများဖြင့် ဖက်ရှင်ပြပွဲကို ဆင်နွှဲခဲ့ခြင်း ဖြစ်သည်။ ထူးခြားသည်မှာ မသန်စွမ်းများ အနေဖြင့် ဖက်ရှင်ပြပွဲကို ဆင်နွှဲရာတွင် ယုံကြည်မှုအပြည့် ရှိနေခြင်းဖြစ်သည်။ ထိုသို့ပြုလုပ်နိုင်ရန် တီဆူယူတာ အနေဖြင့် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ခဲ့ရသည်။ တီဆူယူတာသည်  ၂၀၀၃ ကတည်းက ကိုယ်ပိုင် အမှတ်တံဆိပ်ဖြင့် အ၀တ်အစားများကို ရောင်းချနေခြင်း ဖြစ်သည်။ နယူးယောက်နှင့် မီလန်တို့သည် မသန်စွမ်းများအတွက် ဖက်ရှင်ရှိုးများ ရှိနေသော်လည်း ဂျပန်နိုင်ငံတွင် စိတ်ဝင်စားမှု နည်းပါးနေသောကြောင့် တီဆူယူတာက ဦးဆောင်ခဲ့ခြင်း ဖြစ်သည်။  ခြေတု ၀တ်ဆင်ထားသူများ၊ အရပ် (၃) ပေ ခန့်သာ ရှိသူများ ပါဝင်သောကြောင့် မသန်စွမ်းများအတွက် အားတက်စရာ ဖြစ်ခဲ့ သည်။ တီဆူယူတာက မသန်စွမ်း ဖက်ရှင်ပြပွဲသည် သာမန် ဖက်ရှင်ပြပွဲနှင့် ကွဲပြား ခြားနားလွန်းကြောင်း ပြောကြားခဲ့သည်။
The Messenger
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment