ရန်ဖြစ်စဉ် ဝှေးစေ့ကို ကိုက်ခဲ့တဲ့ ရဲအရာရှိတစ်ဦး အလုပ်ထွက်





တာဝန်ချိန်မဟုတ်တဲ့ မေရီလန်း ရဲအရာရှိတစ်ယောက်ဟာ လူတစ်ယောက်နဲ့ ရန်ဖြစ်တုန်း ဝှေးစေ့ကို ကိုက်လိုက်တယ်လို့ တရားစွဲခံရပြီး အဲ့ဒီရဲဌာနမှာ အလုပ်မလုပ်တော့ဘူးလို့ ပြောရေးဆိုခွင့်ရှိသူတစ်ယောက်က ပြောခဲ့ပါတယ်။

အသက် ၃၁နှစ်ရှိ ရဲအရာရှိ Michael Flaig ဆိုသူဟာ Anne Arundel စီရင်စုမှာ တာဝန်ထမ်းဆောင်ပြီး ရဲဌာနကနေ အကြောင်းပြချက်မရှိ ထွက်သွားကြောင်း ပြောရေးဆိုခွင့်ရှိသူ Jacklyn Davis ကပြောခဲ့ပါတယ်။ ဒါဟာ ပုဂ္ဂိုလ်ရေးရာ ကိစ္စ ဖြစ်တယ်လို့လည်း သိရပါတယ်။

Fliag ဟာ ဘာတီမော့ ဘားရဲ့အပြင်ဘက်မှာ လူတစ်ယောက်နဲ့ ရန်ဖြစ်ခဲ့ပြီး ဝှေးစေ့ကို ကိုက်တယ်လို့ စွပ်စွဲခံရပြီး အဖမ်းခံခဲ့ရကြောင်း တရားရုံးမှတ်တမ်းတွေ ရှိပါတယ်။ အကိုက်ခံခဲ့ရသူက Flaig ရဲ့ အမျိုးသမီး အခန်းဖော်ကို မလိုလားတဲ့ အခွင့်အရေးယူမှုတွေ ပြုခဲ့တယ်လို့ Flaig ကပြောပါတယ်။

Flaig ဟာ အသေးစားပြစ်မှုဖြစ်တဲ့ တိုက်ခိုက်မှုနဲ့ တရားစွဲခံရပါတယ်။ အများပြည်သူကြား အရက်သောက်၍ ခံရသူ၏ လုံခြုံမှုကို အန္တရာယ်ပြုမှုလို့ ရဲတွေကပြောပါတယ်။

အများပြည်သူကြား အရက်သောက် အန္တရာယ်ပြုမှု ကျူးလွန်ပြီးတဲ့နောက် သူဟာ ဆိုးသွမ်းပြုပြင်ဌာနမှာ တစ်နှစ် နေနေရပါတယ်။

( Skyler )
သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
knowledge.thithtoolwin.com
Ref: Reuters
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment