“ဒါမှ ယောကျာ်းကွ” ဆိုပြီး ကလေးလေးကို ဘီယာနဲ့ဆေးလိပ်တိုက်

ဒါကတော့ ရိုမေးနီးယန်း အမျိုးသားနှစ်ဦးကနေ ကလေးလေးကို ဘီယာနဲ့ စီးကရက်သောက် စေခဲ့တဲ့ ဗီဒီယိုဖိုင်ပါ။

မှတ်တမ်းဗီဒီယိုကို စပိန်နိုင်ငံက ကော်ဖီဆိုင်တစ်ခုရဲ့ အပြင်ဘက်မှာ ရိုက်ထားပြီး ကလေးငယ် ကောင်လေးဟာ အမျိုးသားတစ်ဦးရဲ့ ပေါင်ပေါ်မှာထိုင်ရင်း ဘီယာတစ်ခွက် သောက်ခဲ့တာပါပဲ။ ကောင်လေးရဲ့ ပါးစပ်မှာ ဆေးလိပ်ကို တေ့ပြီး တိုက်လိုက်ပါသေးတယ်။ ‘ဒါမှ ယောကျာ်းကွ’ လို့ အမျိုးသားတစ်ယောက်က အမျိုးသားတစ်ယောက်ကနေ ပြောခဲ့ပါတယ်။

ဒီတုန်လှုပ်ဖွယ် ဗီဒီယိုဖိုင်ကို နောက် ရိုမေးနီးယား တစ်ယောက်ကနေ Facebook မှာ တင်ခဲ့တာပါ။ ကောင်လေးကို ဘီယာနဲ့ ဆေးလိပ်တိုက်ခဲ့သူကတော့ ကလေးအဖေ ဖြစ်ပုံရပါတယ်။

“ဒီလူကတော့ မိဘအခွင့်အရေး ဆုံးရှုံးတော့မှာပဲ။ ကလေးသူငယ်စောင့်ရှောက်ရေး အရာရှိတွေ တစ်ခုခုတော့ လုပ်သင့်တယ်နော်။” လို့ Facebook မှာဝင်ကြည့်သူတစ်ဦးက ပြောပါတယ်။

“ကလေးမွေးမယ့်သူတိုင်းကို စာမေးပွဲစစ်သင့်တယ်။ ကျရင်တော့ ကလေးမယူနိုင်ဘူးပေါ့။ ဒီလိုမှမဟုတ်ရင် ကမ္ဘာမှာ စိတ်မနှံ့တဲ့၊ ဉာဏ်ရည်မမှီတဲ့ သူတွေကြီးပဲ ဖြစ်ကုန်လိမ့်မယ်။” ဆိုပြီး Facebook မှာဝင်ကြည့်တဲ့ Mihaela Stanciu ဆိုသူက ပြောသွားပါတယ်။

ဗီဒီယိုဖိုင်ထဲမှာ ပါတဲ့သူတွေက ဘယ်သူတွေဆိုတာကို အတည်မပြုရသေးပါဘူး။ ဒါပေမဲ့ စပိန်မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်လို့တော့ ယုံကြည်ရပါတယ်။


( Skyler )
သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
knowledge.thithtoolwin.com

Ref: Daily Mail
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment