စစ်ရေးအရသာမက နိုင်ငံရေးအရလည်း ဆီးရီးယားနိုင်ငံကို အကူအညီပေးမည်ဟု သမ္မတပူတင် ပြောကြား


 မော်စကို ၊ ၂၂-၁၀-၂၀၁၅

 ဆီးရီးယားသမ္မတ အာဆတ် သည် ရုရှားနိုင်ငံသို့ မမျှော်လင့်ဘဲ ရုတ်တရက် ရောက်ရှိလာပြီး ရုရှားသမ္မတ ဗလာဒီမာပူတင် နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း မီဒီယာများက ယမန်နေ့တွင် ဖော်ပြခဲ့သည်။

အာဆတ်သည် ရုရှားနိုင်ငံသို့ အောက်တိုဘာ ၂ဝ ရက် ညနေပိုင်းက ရုတ်တရက် ရောက်ရှိ လာခဲ့ခြင်း ဖြစ်ပြီး ရုရှားသမ္မတ ပူတင်နှင့် ပြုလုပ်သည့် တွေ့ဆုံပွဲတွင် ဆီးရီးယားနိုင်ငံ အတွင်းရှိ စစ်သွေးကြွများ အပေါ် ရုရှားနိုင်ငံက လေကြောင်းမှ တိုက်ခိုက်နေခြင်း နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပြီး ယင်းသို့ လုပ်ဆောင်နေခြင်း အတွက် ရုရှားအစိုးရကို ကျေးဇူး တင်ရှိကြောင်း အာဆတ်က ပြောကြားခဲ့သည်။

အလားတူ ရုရှားနိုင်ငံ အနေဖြင့် ဆီးရီးယားနိုင်ငံ အတွင်းရှိ ISIS စစ်သွေးကြွ များကို တိုက်ဖျက်ရေး အတွက် စစ်ရေးအရ သာမက နိုင်ငံရေး အရလည်း အကူအညီများ ပေးအပ် သွားမည်ဟု သမ္မတပူတင် က ပြောကြား ခဲ့ကြောင်း ကရင်မလင် နန်းတော်မှ ပြောရေးဆိုခွင့် ရှိသူ ဒီမီထရီ ပက်စကော့ဗ် က ယမန်နေ့တွင် အတည်ပြု ထုတ်ပြန်ခဲ့သည်။

ယခုအခါ ISIS စစ်သွေးကြွ များသည် ဆီးရီးယားနိုင်ငံ အတွင်း၌ သာမက ဒေသတစ်ခုလုံး အတွင်းသို့ပါ ပျံ့နှံ့လျက် ရှိသောကြောင့် ၄င်းတို့ကို အချိန်မီ ချေမှုန်းနိုင်ခြင်း မရှိပါက ISIS စစ်သွေးကြွ များအနေဖြင့် အခြားဒေသ များတွင် ခြေကုပ်ရယူ နိုင်သည့် အခြေအနေတွင် ရှိနေကြောင်း၊ ဆီးရီးယားနိုင်ငံ အပေါ် ပေးအပ်လျက် ရှိသည့် ရုရှားအစိုးရ၏ အကူအညီ များသည် နိုင်ငံ၏ စည်းလုံး ညီညွတ်ခြင်း နှင့် လွတ်လပ်ရေး ကို ကိုယ်စားပြုကြောင်း အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲတွင် သမ္မတ အာဆတ် က တုံ့ပြန် ပြောကြား ခဲ့သည်။

ရုရှား တိုက်လေယာဉ် များသည် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ဆီးရီးယား ပြည်နယ်များ ဖြစ်သည့် ဟာမာ၊ လာတာကီးယား၊ ဒမတ်စကပ်၊ အီဒလစ်ဘ်၊ အလက်ပိုနှင့် ဒီယာအက်ဇ်ဇော် အတွင်း လေကြောင်းမှ တိုက်ခိုက်မှု ၅၅ ကြိမ် ပြုလုပ်ခဲ့ရာ ISIS စစ်သွေးကြွ များ၏ ပစ်မှတ် ၆ဝ ကို ထိမှန်ခဲ့ကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန် ခဲ့ကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment