One Direction အဖွဲ့ဝင် Zayn Malik အဖွဲ့မှ အပြီးအပိုင် နှုတ်ထွက်




 ခုဆိုရင် သူတို့ရဲ့ ဖျော်ဖြေပွဲတစ်ချို့ကို ရပ်ပစ်လိုက်တယ်လို့ သိရပြီး ဒါဟာ One Direction ပရိသတ်တွေအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခု ဖြစ်သွားခဲ့ပါတယ်။ Malik ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ သူဟာ One Direction ရဲ့ ဆက်လက်လုပ်ဆောင်သွားမယ့် အရာအားလုံးနဲ့ မသက်ဆိုင်တော့ကြောင်း အခိုင်အမာ ဖော်ပြထားပါတယ်။
ဒါ့အပြင် သူပြောသွားတာက "ဒီအချိန်ဟာ ဒီ band ကို စွန့်ခွာဖို့ အကောင်းဆုံးအချိန်လို့ ကျွန်တော်ခံစားနေရပါတယ်။ ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်ကြောင့် ပရိသတ်တွေ အားလုံး စိတ်အနှောင့်အယှက်ဖြစ်သွားခဲ့ရတယ်ဆိုရင် ကျွန်တော် အနူးအညွတ်တောင်းပန်ပါရစေ" လို့ဆိုသွားပါတယ်တဲ့။
ထုတ်ပြန်ချက်အပြည့်အစုံကိုတော့ မကြာခင် ထပ်မံဖော်ပြသွားနိုင်မယ်လို့ ဆိုထားပြီး ဒီအတိုင်းဆို One Direction မှာ အဖွဲ့ဝင်လေးယောက်သာ ကျန်ရှိတော့မှာဖြစ်ပါတယ်။
One Direction က ထုတ်ပြန်ချက်မှာတော့ "အရင်တုန်းက အဖွဲ့ဝင်ငါးယောက်နဲ့အတူ ဖြတ်သန်းဖော်ဆောင်ခဲ့တဲ့အရာတွေဟာ တကယ့်ကို အမှတ်ရစရာကောင်းခဲ့ပါတယ်။ ဘာတွေပဲဖြစ်ဖြစ် ကျွန်တော်တို့အားလုံး သူငယ်ချင်းတွေအဖြစ် ဆက်ရှိနေဦးမှာပါ။ ခုတော့ ကျန်တဲ့လေးယောက်နဲ့ One Direction အတွက် ဆက်ရပ်တည်ရဦးမှာပေါ့" လို့ ရေးသားထားပါတယ်။
Malik ရဲ့ထွက်ခွာမှုဟာ သူခံစားနေရတဲ့ စိတ်ဖိစီးမှုတွေနဲ့ ပတ်သက်ဆက်နွယ်နေလိမ့်မယ်လို့ အားလုံးက ယူဆနေကြပါတယ်။
http://portalpopline.com.br/wp-content/uploads/2014/07/Bt0Co9FIIAA4NB5.jpg-large.jpg
Ref:cosmopolitan
Source:Trend.com.mm



Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment