စင်ပေါ်မှာ အင်္ကျီဇစ် ပြန်ဆွဲတင်ခဲ့ရတဲ့ Britney Spears





ပေါ့ပ် ဘုရင်မ အဖြစ်တင်စားသတ်မှတ်ခံထားရတဲ့ ပေါ့ပ် အဆိုတော်မလေး Britney Spears ဟာ စင်မြင့်ပေါ်မှာ အတော်ဆုံး အက သမားတွေကို ရရှိခဲ့ပါတယ်။ ထို အက သမားတွေကပဲ သူမ စင်ပေါ်မှာ အရှက်ကွဲခါနီး အနေအထားက နေ ကယ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။

စနေနေ့ညတုန်းက Planet Hollywood မှာ ပြုလုပ်ခဲ့တဲ့ ဖျော်ဖြေပွဲမှာ Britney Spears ဟာ စင်မြင့်ပေါ်မှာ ဖျော်ဖြေနေတုန်း သူမ ၀တ်ဆင်ထားတဲ့ ဖောက်ထွင်းမြင်နိုင်တဲ့ ဇာ ၀တ်စုံ ဟာ အင်္ကျီကျောဘက်ကနေ ဇစ်တွေ ပွင့်ထွက်သွားတဲ့အနေအထားမျိုး ဖြစ်ခဲ့ပါတယ်။

အဲဒါကို ဘရစ်တနေ လည်း သတိထားမိသွားပြီး သူမရဲ့ နောက်လိုက် အကအဖွဲ့ကို အချက်လှမ်းပြကာ ဇစ်ဆွဲခိုင်းလိုက်ရပါတယ်။ ဒါပေမယ့်လည်း သူမဟာ ဖျော်ဖြေမှု ကို လုံးဝမရပ်ခဲ့ပါဘူး။

သူမရဲ့ အက အဖွဲ့ဟာလည်း အရမ်းကိုတော်လွန်းပါတယ်။ သူမကို လည်း အင်္ကျီဇစ်ဆွဲပေးနိုင်ခဲ့သလို အက တင်ဆက်မှုကိုလည်း ဟန်ချက်မပျက်ဆက်လက် ဖျော်ဖြေနိုင်ခဲ့ပါတယ်။

ဖျော်ဖြေမှု ကို အကောင်းဆုံးတင်ဆက်သွားနိုင်ခဲ့ပေမယ့် ထို ဖျော်ဖြေပွဲမှာ Britney Spears ၀တ်ဆင် ခဲ့တဲ့ ဖက်ရှင်ကိုတော့ မီဒီယာတွေက ဝေဖန်ခဲ့ကြပါသေးတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : TMZ
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment