နှစ်နှစ်ကျော်သက်တမ်းရှိ ဆက်သွယ်ရေး အော်ပရေတာက အကြီးဆုံး သရီးဂျီကွန်ရက်အဖြစ်ကြေညာ


 နေပြည်တော် အောက်တိုဘာ ၂၁

 ၂ဝ၁၃ ခုနှစ်တွင် မြန်မာ့ဆက် သွယ်ရေးကဏ္ဍသို့ ဆက်သွယ်ဝင် ရောက်လာခဲ့သော အော်ပရေတာ တယ်လီနောက သရီးဂျီကွန်ရက်များ တွင် တာဝါတိုင် ၃၃ဝဝ ကျော်ဖြင့် တစ်နိုင်ငံလုံးတွင် အကြီးဆုံး ကွန် ရက်တစ်ခုအဖြစ် ကြိုးပမ်းခဲ့ပြီဖြစ် ကြောင်း အောက်တိုဘာ ၂ဝ ရက်က ကြေညာချက်ထုတ်ပြန်ခဲ့ရာ ဆက် သွယ်ရေးကဏ္ဍတွင် မကြာမီ ပြိုင် ဆိုင်မှု ပိုမိုပြင်းထန်ကာ ဝန်ဆောင်မှု အားကောင်းလာနိုင်ကြောင်း ခန့် မှန်းရသည်။

''ကျွန်တော်တို့က မြန်မာနိုင်ငံမှာ အကြီးဆုံးကွန်ရက်ကို တည်ဆောက် နိုင်ပါပြီ။ မန္တလေးမှာ တာဝါတိုင် ၇ဝ နဲ့စခဲ့တာ အခု တာဝါတိုင် ၆ဝဝ စိုက်ထူနိုင်ခဲ့တယ်။ လူထူထပ်တဲ့ နေရာတွေမှာ ဆက်သွယ်မှုများများ ကောင်းမွန်အောင် ပိုပြီးလုပ်ပေး ဖို့အတွက် ဈေးကွက်ကွင်းဆင်း လေ့လာမှုတွေလည်း အများကြီး လုပ်ခဲ့ရတယ်။ အခက်အခဲတွေရှိ ပေမယ့် ကျွန်တော်တို့ ကြိုးစားလုပ် ဆောင်နေပါတယ်''ဟု တယ်လီနော မြန်မာ၏ အမှုဆောင်အရာရှိချုပ် မစ္စတာပီတာဖားဘက်ခ်ျက ပြောကြား သည်။
တယ်လီနောမှ နည်းပညာလိုအပ် ချက်များအတွက် ကြိုးစားဖြည့်တင်း လျက်ရှိပြီး တနင်္သာရီ၊ ကရင်၊ မွန်၊ ကချင်၊ ရှမ်း၊ ကယားနဲ့ နေပြည်တော် စသည့် အဓိကဒေသ ၁၃ ခုတွင် ကွန်ရက် ဖြန့်ကြက်နိုင်ပြီး ရခိုင်ပြည် နယ်၌ အသုံးပြုနိုင်ရန် ပြင်ဆင်နေ သည့်အပြင် ချင်းပြည်နယ်ကိုလည်း ဆက်လက်သုံးစွဲနိုင်ရန် စီစဉ်လျက်ရှိ ကြောင်း သိရသည်။

''အော်ပရေတာတွေ အပြိုင် အဆိုင်ဖြစ်လာတာ အားရကျေနပ် စရာ ကောင်းပါတယ်။ ပြိုင်ဆိုင်မှု ပြင်းထန်လာလေလေ သုံးစွဲသူတွေ အတွက် ပိုကောင်းတဲ့ ဝန်ဆောင်မှုတွေ ရလာ လေလေဖြစ်တာမို့ အားလုံး တိုးချဲ့နိုင်ဖို့လည်း လိုအပ်ပါတယ်။ နှစ်နှစ်ကျော်ကာလမှာ ဆက်သွယ်ရေး ကဏ္ဍဟာ အမြင့်ဆုံးအတိုင်းအတာ တစ်ခုကို ရရှိလာတာဖြစ်တဲ့အပြင် တစ်နိုင်ငံလုံးကို ရာနှုန်းပြည့်လွှမ်းခြုံ သွားပြီး လူတိုင်းမိုဘိုင်းဖုန်းအသုံးပြုနိုင်ရေးက မဝေးတော့ပါဘူး''ဟု ဆက် သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြတ်ဟိန်းက မီဒီယာများ နှင့် တွေ့ဆုံစဉ် ပြောကြားသည်။

သတင်း-ခင်ရတနာ
ဓာတ်ပုံ-မေဦးမိုး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment