ဒိုင်နာယာဉ်နှင့် ထော်လာဂျီမျက်နှာချင်းဆိုင်တိုက်


 နတ်တလင်း အောက်တိုဘာ ၂ဝ

 ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့မရဲစခန်းမှ အောက်တိုဘာ ၁၉ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၅ဝ တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မိုင်တိုင်အမှတ် ၁၃၉/၄ နှင့် ၁၃၉/၅ ကြားရဲစခန်းနှင့် တစ်မိုင် သုံးဖာလုံခန့် လပ်ကီးဇုံဆီဆိုင်ရှေ့၌ ဦးဝင်းသိန်း(၄၅ နှစ်) အုပ်ဖိုတစ်ပေါင်းတည်မြို့ နေထိုင်သူမောင်းနှင်လာသည့်YGN/-------- ဒိုင်နာ(လိုင်စင်စိစစ်ဆဲ)နှင့် ရန်ကုန် မှပြည်ဘက်သို့ ဦးသိန်းစိုး(၃၇ နှစ်) တင်ပြင်ခွေရွာ နတ်တလင်းမြို့နယ်နေသူ မောင်းနှင်လာပြီး ဦးသိန်း ဆောင် စီးနင်းလိုက်ပါလာသော နံပါတ်မပါ ထော်လာဂျီ (လိုင်စင်စိစစ်ဆဲ)တို့နှင့် မျက်နှာချင်းဆိုင်တိုက်မိ၍ ဒိုင်နာ ကားပေါ်လိုက်ပါလာသူ သက်ခိုင်ဦးသည် နတ်တလင်းဆေးရုံသို့လည်းကောင်း၊ ထော်လာဂျီယာဉ်ပေါ်မှလိုက်ပါလာသည့် ဦးသိန်းဆောင်သည် စိုးရိမ်ရသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်းကုသရန်စီစဉ်၍ ကျန်လူနာများကို နတ်တလင်း ဆေးရုံတွင် တက်ရောက်ကုသမှုခံယူခဲ့သည်။

ယာဉ်မဆင်မခြင်မောင်းနှင်လာကြသူ ယာဉ်မောင်းဝင်းသိန်းနှင့် သိန်းစိုးတို့နှစ်ဦးကို အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ တင်မြင့်(နတ်တလင်း)

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment