စကြ၀ဠာ တွင်းနက်များအကြောင်း ထိသီဝရီများ ထုတ်နေသော ပါမောက္ခ စတီဖင်ဟောကင်းက သူ့အတွက် ယခုထိ အဆန်းကြယ်ဆုံး၊ နားမလည်နိုင်ဆုံး အရာမှာ မိန်းမများ ဖြစ်သည်ဟု ဆိုလိုက်သည်။
Reddit ၀ဘ်ဆိုက်က စီစဉ်တင်ဆက်သော Ask Me Anything (AMA) အစီအစဉ်တွင် ပါမောက္ခ ဟောကင်းက အထက်ပါအတိုင်း ဖြေကြားလိုက်ခြင်း ဖြစ်သည်။ ဆန့်ကျင်ဖက် လိင်သည် လောကကြီးမှာ အဆန်းကြယ်ဆုံး၊ နားမလည်နိုင်ဆုံး ဖြစ်ကြောင်း ပါမောက္ခ ဟောကင်းက ဆိုလိုက်သည်။ သို့သော် ထိုဆန်းကြယ်မှုကို အဖြေရှာမတွေ့ ခြင်းသည်သာ ပိုကောင်းပါလိမ့်မည် ဟုလည်း ပါမောက္ခ ဟောကင်းက ဆိုထားသည်။
ပါမောက္ခဟောကင်းကို မေးချင်သည့် မေးခွန်းများကို ဇူလိုင်လကတည်းက Ask Me Anything (AMA) အစီအစဉ်ကို စိတ်ဝင်စားသူများက အွန်လိုင်းက တစ်ဆင့် မေးခွန်းများ ပေးပို့ထားကြခြင်း ဖြစ်သည်။ မေးခွန်းများထဲတွင် နည်းပညာ သိပ်ဆန်သော ကွန်ပျူတာ ဉာဏ်ရည်များ အနာဂတ် ဆိုတာမျိုးကနေ ကိုယ်ရေး ကိုယ်တာဆန်သော ပါမောက္ခ ဟောကင်း အကြိုက် သီချင်းများထိ ပါဝင်သည်။
ပါမောက္ခ ဟောကင်းအတွက် လောကကြီးမှာ အဆန်းကြယ်ဆုံး၊ နားမလည်နိုင်ဆုံးက ဘာလဲဟူသော မေးခွန်းကို ပါမောက္ခ ဟောကင်းက ဖြေကြားရာတွင် “မိန်းမတွေပေါ့ ခင်ဗျာ။ ရူပဗေဒ ဒေါက်တာဘွဲ့သာ ကျုပ်ရသွားတယ်။ မိန်းမတွေ အကြောင်းနဲ့ ပတ်သက်ရင်တော့ ကျုပ်ကမူကြိုပဲ”ဟု ဆိုလိုက်သည်။
Source: Daily Mail
The Messenger
0 comments:
Post a Comment