မဲပုံးနမူနာများ |
ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ရွှေ့ဆိုင်းချင်တယ်လို့ အောက်တိုဘာလ ၁၃ ရက်နေ့မှာပဲ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက နိုင်ငံရေးပါတီကြီး ၁၀ ပါတီနဲ့ တွေ့ဆုံဆွေးနွေးပြီး အဆိုပြုခဲ့တာကို အခု ပယ်ဖျက်လိုက်ကြောင်း ကြေညာသွားတာဖြစ်ပါတယ်။
ချင်းပြည်နယ်၊ ကယားပြည်နယ်တို့မှာ ဖြစ်ခဲ့တဲ့ သဘာဝ ဘေးအန္တရာယ်တွေကြောင့် ရွှေ့ဆိုင်းချင်တာလို့ ဦးတင်အေးက ပြောခဲ့ကြောင်း ဆွေးနွေးပွဲ တက်ခဲ့သူတွေက ပြောပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီတခုတည်းကသာ ရွေးကောက်ပွဲ ရက်ရွှေ့ဆိုင်းမှာကို ကန့်ကွက်ခဲ့တယ်လို့လည်း ဆိုပါတယ်။
နာဂစ်မုန်တိုင်းတိုက်ခတ်စဉ်မှာတောင် အခြေခံဥပဒေကို ဆန္ဒခံယူပွဲကျင်းပခဲ့ပြီး အခုရွေးကောက်ပွဲကို ဆိုင်းငံ့ချင်တာဟာ လုံလောက်တဲ့ ဆင်ခြေမဟုတ်ဘူးလို့ ဝေဖန်ချက်တွေ ထွက်ပေါ်လာပြီးနောက်မှာ အခုလို ပြင်ဆင်မယ့် အစီအဉ်ကို ပြန်လည် ရုပ်သိမ်းသွားတာဖြစ်ပါတယ်။
BBC Burmese
http://www.bbc.com/burmese/burma/2015/10/151013_elections_postpone?ocid=socialflow_facebook
0 comments:
Post a Comment