မိခင်ဘ၀ ဟာ အခက်ခဲဆုံးအလုပ်ဖြစ်တယ်လို့ ဆိုလာတဲ့ Jessica Biel

မကြာသေးမီကမှ မိခင်ဖြစ်လာခဲ့ရတဲ့ Jessica Biel ဟာ သူမရဲ့ မိခင်ဘ၀ အကြောင်းကို ဖွင့်ဟပြောပြလာခဲ့ပါတယ်။ သူမပြောပြခဲ့တာကတော့ မိခင်ဘ၀ ဟာ ကမ္ဘာပေါ်မှာ အခက်ခဲဆုံး အလုပ်ပါပဲတဲ့။

ကမ္ဘာကျော် အဆိုတော် Justin Timberlake နဲ့ အတူ ၅လအရွယ်သားငယ်လေး Silas ကို မွေးဖွားထားတဲ့ မင်းသမီး Jessica Biel ဟာ သူမရဲ့ သားလေးကို အရမ်းချစ်ဖို့ကောင်းတယ်လို့ မြင်ပါတယ်တဲ့။ ဒါပေမယ့်လည်း သူမက မိခင်ဖြစ်ရတာ အခက်ခဲဆုံးပဲဆိုတာကို တော့ ၀န်ခံထားပါတယ်။

"သားလေးဟာ ချစ်ဖို့ကောင်းပါတယ်။ သူဟာ အမြဲတမ်းပျော်နေတယ်။ ဒါတွေဟာ သိပ်ကောင်းတဲ့ အတွေ့အကြုံတွေပါပဲ။ ပြီးတော့ ဒါဟာခက်ခဲပါတယ် ကမ္ဘာပေါ်မှာ အခက်ခဲဆုံး အလုပ်ပါပဲ။ ကျွန်မရဲ့ အမေကို အရင်တုန်းက တစ်ခါမှာ ကျေးဇူးပိုမတင်ခဲ့မိဖူးပါဘူး။" လို့ အသက် ၃၃ နှစ်အရွယ် မင်းသမီး Jessica Biel က ဆိုပါတယ်။

ဒါ့အပြင် သူမက အသက်၃၄ နှစ်အရွယ် Mirrors သီချင်းရဲ့ အဆိုတော် သူမရဲ့ ခင်ပွန်း Justin timberlake ကိုလည်း Silas လေးကို ညသန်းခေါင်ထပြီး နို့ဘူးတိုက်ဖို့နဲ့ ထိန်းကျောင်းဖို့ကို တာဝန်ယူပေးတဲ့အတွက် ကျေးဇူးတင်တဲ့အကြောင်းတွေကို ဆိုထားပါသေးတယ်။

Jessica Biel နဲ့ သူမရဲ့ သူငယ်ချင်း Saundra Pelletier တို့ဟာ အွန်လိုင်းကနေ လိင် ပညာပေး ဗီဒီယို စီးရီး အသစ်ကို Fuuny or Die ဆိုတဲ့ ၀က်ဘ်ဆိုက် အသစ်ကနေ ဒီတစ်ပတ်ထဲမှာ စတင်ဖြန့်ချီခဲ့ပြီး Total Recall ဇာတ်လမ်းရဲ့ မင်းသမီးလေး Jessica Biel ကတော့ ထိုနည်းလမ်းဟာ လူပေါင်းများစွာအတွက် အကျိုးရှိလာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror




Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment