တောင်ငူမြို့တွင် ၄ တန်းကျောင်းသူတဦးကို တပ်သားတဦးမှ အဓမ္မပြုကျင့်



ပဲခူးတိုင်း တောင်ငူမြို့မှာ အောက်တိုဘာလ ၄ ရက်နေ့က တပ်မတော်သားတ ဦးက  ၉ နှစ်အရွယ် စတုတ္ထတန်းကျောင်းသူတဦးကို အဓမ္မပြုကျင့်မှုဖြစ်ခဲ့ပါတယ်။
ဥာဏ်ထွန်းအောင်အမည်ရတဲ့ ပြစ်မှုကျူးလွန်သူဟာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်သားတဦးဖြစ်ပြီး အဲဒီနေ့ညနေ ၅ နာရီအချိန် အဆိုပါကျောင်းသူ နေအိမ်မှာ တဦးတည်း ရှိနေချိန် အိမ်ရှေ့ရေနုတ်မြောင်းအနီးက သစ်ပင်အောက်ကို ခေါ်ဆောင် အဓမ္မပြုကျင့်ခဲ့တာလို့ သိရှိရပါတယ်။
အိမ်ပြန်ရောက်ချိန်မှာ မိန်းမကိုယ်မှသွေးတွေယိုစီးနေတာကို တွေ့ရပြီး ဖခင်က မေးချိန်မှာ ပြောပြခဲ့တဲ့အတွက် တောင်ငူမြို့နယ်မြေရဲစခန်းကို တိုင်ကြားခဲ့ပါတယ်။ အောက်တိုဘာလ ၄ ရက်နေ့ ညနေမှာ တောင်ငူပြည်သူ့ဆေးရုံကြီးမှာ ဆေးစစ်ချက်ရယူပြီး စွပ်စွဲခံရသူကို မြို့သစ် နယ်မြေရဲစခန်းမှာ (ပ)၈၆/၂၀၁၅ ပုဒ်မ ၃၇၆ နဲ့ ဖမ်းဆီးအရေးယူထားပါတယ်။
ပြစ်မှု ကျူးလွန်သူဟာ အဲဒီကျောင်းသူနဲ့ အစ်မတ၀မ်းကွဲတော်စပ်သူရဲ့ခင်ပွန်းဖြစ်ပါတယ်။
သတင်းဓာတ်ပုံ – ကိုသားကြီး
DVB Burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment