ချေးတုန်;က ၀ါးလုံး အကြီး ၅၀ ၊ ပြန်လာဆပ်တော့ ၀ါးလုံး အသေး ၅၀ ဖြစ်နေသဖြင့် လူသတ်မှုပေါ်ပေါက်


ယခုဖော်ပြထားတဲ့ ဓါတ်ပုံမှာ နမူနာ ဓါတ်ပုံသာ ဖြစ်ပါ
  ရခိုင်ပြည်နယ် ၊ မင်းပြားမြို့နယ်ရှိ မင်းကူးလမ်း ကျေးရွာအုပ်စုအတွင်းရှိ လုံးပြင်ချောင်း တောထဲတွင် ၀ါးခုတ်တောင်သူ အချင်းချင်း ၀ါးလုံး ၅၀ လုံး ချေးငှားပြီး ပြန်ပေးသည့် ကိစ္စပေါ် အငြင်းပွားရာမှ တစ်ဆင့် ရန်ဖြစ်ရာ လူသေဆုံးမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း မင်းပြားမြို့မ ရဲစခန်းမှ သိရှိရသည် ။

မင်းပြားမြို့နှင့် ၂၅ မိုင်ခန့် အကွာအဝေးရှိသော မင်းကူးလမ်း ကျေးရွာအုပ်စုရှိ လုံးပြင်ချောင်းတောထဲမှ ၀ါးခုတ်သမား မိသားစုများ နေထိုင်ရာ လယ်တဲတွင် ကျော်ဝင်းမောင် ၄၄ နှစ်မှာ ၄င်း၏ လယ်တဲနီးချင်းနေ လှသိန်းမောင် ၄၃ နှစ်နှင့် အောင်တိုဘာ ၁ ရက်နေ့ ၊ ညနေ ၇ နာရီအချိန်တွင် အငြားပွားရန်ဖြစ်ရာမှ ဓားဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာ လယ်တဲအနီအနားတွင် သေဆုံးခဲ့ခြင်းဖြစ်သည် ။

“ကျွန်မတို့ဆီကနေ ၀ါးလုံး ၅၀ လုံး ချေးယူခဲ့တယ် ။ ပြန်လာပေးတော့ ၀ါးလုံး အသေး ၅၀ ပဲ သူက ပြန်လာပေးတယ် ။ ဒါနဲ့ ကျွန်မတို့ လယ်တဲထဲမှာ စကားများပြီး ရန်ဖြစ်ကြတယ် ။ သူ့နဲ့အတူနေတဲ့ လူငယ်က ၀င်ဖြေရှင်းလို့ ရန်ဖြစ်တာ ခဏပဲကြာတယ် ။ ဘယ်သူမှ ဆိုးဆိုးရွားရွား ဒဏ်ရာ မရခဲ့ပါဘူး ။ ဒါပေမဲ့ ကျွန်မယောင်္ကျားက လူ့တို့ လယ်တဲကို သွားပြီး မူလကယူထားတဲ့ ၀ါးလုံးတွေ ပြန်ပေးဖို့ တောင်းတယ် ။ ဒါနဲ့ လှသိန်းမောင်နဲ့ လူငယ်တစ်ဦးက လက်ထဲမှာ ၁၈ လက်မ လောက်ရှိတဲ့ ဓားတစ်ချောင်းနဲ့ ထွက် ၀ိုင်းဝန်း ခုတ်သတ်ကြတယ် ။ ကျွန်မက အနီးအနား တဲတွေက လူတွေကို အကူအညီတောင်းပြီး ပြန်လာတဲ့အခါ သူသေနေပါပြီ ။ ဒါနဲ့ ဒီနေ့ ရဲစခန်းကိုလာပြီး အကြောင်းကြာတာပါ” ဟု သေဆုံးသူ ကျော်ဝင်းမောင်၏ ဇနီး ဒေါ်နုနုခင်က ဆိုသည် ။

သေဆုံးသူ ကျော်ဝင်းမောင်၏ ခန္ဓာကိုယ်နှင့် မျက်နှာများတွင် ဓားဒဏ်ရာ ၈ ချက် စစ်ဆေး တွေ့ရှိရကြောင်းနှင့် အဆိုပါ လူသတ်မှုအား မင်းပြားမြို့မ ရဲစခန်းမှ ပ ၁၅၀/၂၀၁၅ ၊ ပြစ်မှုပုဒ်မ ၃၀၂ အရ အမှုရေးဖွင့်ကာ လူသတ် တရားခံ ၂ ဦးအား အမြန်ဆုံး ဖမ်းဆီးနိုင်ရန် ကြိုးပမ်းလျက် ရှိနေကြောင်း ဒု-စခန်းမှူး စိန်ထွန်းဦးထံမှ သိရသည် ။

အဆိုပါ အခင်းဖြစ်ပွားရာ နေရာတွင် ၀ါးတစ်လုံး၏ တန်ဖိုးမှ ၁၀၀ ကျပ်ခန့်သာ ရှိကြောင်းနှင့် မြို့ပေါ်တွင် ၂၀၀ မှ ၂၅၀ အထိ ပေါက်ဈေးရှိကြောင်းကိုလည်း သိရသည် ။ ရခိုင်ပြည်နယ်ရှိ ကျပန်းလုပ်သား အများစုမှ တောတောင်ထဲတွင် နေထိုင်ကြပြီး ၀ါးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုသူ များကြောင်း သိရှိရသည် ။

သတင်း - MMK
The Ladies News Journal
https://www.facebook.com/News.TheLadies
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment