ကျုးကျော် ​တွေ​ကို ​ဂ​ရန်​ပေး​မယ်
 ရန်​ကုန်​မြို့​နယ် ​အ​တွင်း​မှာ​ရှိ​တဲ့ ​သာ​ကေ​တ ​မြို့​နယ်၊ ​ဒေါ​ပုံ ​မြို့​နယ်၊ ​မြောက်​ဥ​က္က​လာ​ပ ​မြို့​နယ်၊ ​တောင်​ဥ​က္က​လာ​ပ ​မြို့​နယ်​တွေ​မှာ​ရှိ​တဲ့ ​ကျူး​ကျော်​အိမ်​တွေ​ကို ​ဂ​ရန်​ထုတ်​ပေး​မယ်​လို့ ​ရန်​ကုန်​မြို့​တော် ​စည်​ပင်​သာ​ယာ​ရေး ​မြို့​ပြ ​မြေ​ယာ​ဌာ​န​က ​ထုတ်​ပြန်​ကြေ​ညာ​လိုက်​ပါ​တယ်။
နေ​ထိုင်​သူ​အား​လုံး​ကို ​ထုတ်​ပေး​မှာ​တော့ ​မ​ဟုတ်​ဘဲ ၁၂ ​နှစ်​ကျော် ​နေ​ထိုင် ​ပြီး​သူ​တွေ​ကို​သာ ​ထုတ်​ပေး​မှာ ​ဖြစ်​ပါ​တယ်။
ဒါ့​အ​ပြင် ​ကျူး​ကျော်​နေ​ထိုင်​သူ​တွေ​ဟာ ​အ​စိုး​ရ​ပိုင်​မြေ၊ ​ဌာ​န​ဆိုင်​ရာ​ပိုင်​မြေ၊ ​တ​ခြား ​ပု​ဂ္ဂ​လိ​က ​တ​ဦး​ဦး​က ​ပိုင်​ဆိုင်​တဲ့​မြေ​ပေါ်​မှာ ​နေ​ထိုင်​သူ ​ဖြစ်​ရင်​လည်း ​ဂ​ရန်​ထုတ်​ပေး​မှာ ​မ​ဟုတ်​ပါ​ဘူး။ ​ရန်​ကုန်​မြို့​တော် ​စည်​ပင် ​သာ​ယာ​ရေး ​မြို့​ပြ​မြေ​ယာ​ဌာ​န​ရဲ့ ​လုပ်​ပိုင်​ခွင့် ​ဘောင်​အ​တွင်း ​ရှိ​တဲ့​မြေ​ကို​သာ ​ဂ​ရန်​ထုတ်​ပေး​မယ်​လို့ ​ဆို​ပါ​တယ်။
ရွေး​ကောက်​ပွဲ​နီး​မှာ ​အ​ခု​လို ​ဂ​ရန်​ထုတ်​ပေး​တဲ့ ​အ​ပေါ်​မှာ ​မဲ​ဆွယ်​စည်း​ရုံး​မှု ​လုပ်​တာ​လို့ ​ပြော​ဆို ​ဝေ​ဖန်​မှု​တွေ​လည်း ​ရှိ​ပါ​တယ်။
BBC Burmese
http://www.bbc.com/burmese
Share on Google Plus
About Editor
This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment
0 comments:
Post a Comment