နမူနာပုံသာဖြစ်ပါသည်
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ယောက်ျားဖြစ်သူမှ မိန်းမအား ကတ်ကြေးဖြင့် လည်ပင်းအား ထိုးသတ်မှုတစ်မှု ဖြစ်ပွားခဲ့ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
အောက်တိုဘာလ(၄)ရက်နေ့၊ ည (၉း၃၀)အချိန်တွင် တောင်ကြီးမြို့၊ ဂန့် အောက်ရပ်ကွက်နေ မနီနီအောင် (၄၅ နှစ်) မြတ်တော်ဝင်ဆေးခန်း သူနာပြုဆရာမ ဖြစ်သူနှင့် ၎င်း၏ခင်ပွန်း ကိုသန်းထိုက် (၄၁)နှစ်တို့သည် နေအိမ်တွင် စကားများရာမှ ကိုသန်းထိုက်မှ မနီနီအောင်အား အိမ်နောက်ဖေးရှိ ကတ်ကြေးဖြင့် လည်ပင်းအား ထိုးသွင်းခဲ့မှု ဖြစ်ပွားခဲ့သည်။ အဆိုပါ ထိုးသွင်းခံရမှုဖြင့် မနီနီအောင်အား တောင်ကြီးမြို့ဆေးရုံကြီးသို့ တင်ဆောင် ကုသခဲ့သော်လည်း အောက်တိုဘာလ (၅) ရက်နေ့၊ နံနက်ပိုင်းတွင် သေဆုံးသွားသောကြောင့် နာကျင်စေမှု ၃၂၆ မှ လူသတ်မှု ၃၀၂ သို့ ပြောင်းလဲကာ အမှုဖွင့်ထားကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ကျ အရာရှိတစ်ဦးထံက သိရသည်။
အဆိုပါ အမှုနှင့်ပတ်သက်၍ ကိုသန်းထိုက်(၄၁)နှစ်အား တောင်ကြီးမြို့မရဲစခန်း မှ (ပ)၂၆၈/၂၀၁၅ အရ ဖမ်းဆီး အရေးယူ ဆောင်ရွက်နေကြောင်း သိရသည်။
The Messenger
0 comments:
Post a Comment