ထိုင်းရှေ့နေချုပ်အား ယင်လပ် တရားစွဲ

လူလူငြိမ်း
ဘန်ကောက် ၊ စက်တင်ဘာ ၃၀
           ဖြုတ်ချခံ ၀န်ကြီးချုပ် ယင်လပ် ရှင်နာဝတ်က ထိုင်းရှေ့နေချုပ်အား အထောက်အထား ခိုင်မာမှုမရှိဘဲ တရားစွဲဆိုခဲ့မှုဖြင့် အင်္ဂါနေ့တွင် တရားပြန်လည် စွဲဆိုခဲ့ကြောင်း သိရသည်။
           ယင်လပ် အစိုးရ လက်ထက်တွင် လယ်သမားများထံမှ ဆန်များကို ဈေးကွက် ပေါက်ဈေးထက် အဆများစွာပေးပြီး ၀ယ်ယူခဲ့သည့် အစီအစဉ်ကို ကျင့်သုံးခဲ့ရာ နိုင်ငံပိုင် ငွေသန်းပေါင်းများစွာ နစ်နာဆုံးရှုံးခဲ့သဖြင့် ယင်လပ်သည် ယင်းအစီအစဉ်နှင့် ပတ်သက်ပြီး တာဝန်မဲ့မှု ကျူးလွန်ခဲ့ကြောင်း ရှေ့နေချုပ်က တရားရုံးချုပ်သို့ တင်ပြကာ ယင်လပ်အား တရားစွဲဆိုခွင့်ပေးရန် လျှောက်ထားခဲ့သည်။
          ထိုင်းစစ်တပ်က ခန့်အပ်သူများသာ ပါဝင်သည့် ဥပဒေပြု ညီလာခံက ယင်လပ်အား နိုင်ငံရေး နယ်ပယ်သို့ ၀င်ရောက်ခွင့် ငါးနှစ် ပိတ်ပင်သည့်နေ့တွင် ရှေ့နေချုပ်က ယင်လပ်အား တရားစွဲဆိုမှု စတင်ခဲ့ခြင်း ဖြစ်သည်။
            လွှတ်တော်က ယင်လပ်အား စွပ်စွဲပြစ်တင်ပြီး ဖြုတ်ချမှုမပြုမီ တစ်နာရီ အလိုတွင် ရှေ့နေချုပ်သည် အထောက်အထား၊ မျက်မြင် သက်သေခိုင်မာခြင်း မရှိဘဲ ယင်လပ်အား စွပ်စွဲမှု ပြုလုပ်ခဲ့ကြောင်း ယင်လပ်၏ ရှေ့နေအဖွဲ့က ပြောဆိုခဲ့သည်။
           ရှေ့နေချုပ်၏ လုပ်ရပ်များသည် မှားယွင်းနေသလို မျှတမှုလည်း မရှိခဲ့ကြောင်း ယင်လပ်က သတင်းထောက်များအား ပြောဆိုခဲ့သည်။
          သို့သော် ရှေ့နေချုပ်ရုံးမှ ပြောခွင့်ရှိသူ ချူတီချိုင် ဆက်ခါကွန်းက ဆန်စပါး ၀ယ်ယူမှု အစီအစဉ်နှင့် ပတ်သက်ပြီး စွပ်စွဲမှုတွင် မကောင်းကြံမှု မပါဝင်ကြောင်း ဖြေရှင်း ပြောဆိုခဲ့သည်။
          ယင်လပ် အာဏာ အလွဲသုံးစားမှု ကျူးလွန်ခဲ့ကြောင်း တရားရုံးတစ်ရုံးက ဆုံးဖြတ်ခဲ့ပြီးနောက် ၂၀၁၄ ခုနှစ် မေတွင် ယင်လပ် ၀န်ကြီးချုပ်အဖြစ်မှ ဖယ်ရှားခံခဲ့ရသည်။ ယင်လပ်အစိုးရ ပြုတ်ကျပြီး ရက်အနည်းငယ် အကြာတွင် စစ်တပ်က အာဏာသိမ်းမှု ပြုလုပ်ခဲ့သည်။
Source:Reuters
The Messenger

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment