ဒိုင်လူကြီးကို ဝေဖန်ခဲ့သောကြောင့် မော်ရင်ညို စွဲချက်တင်ခံရ




ချဲလ်ဆီးအသင်းနည်းပြ မော်ရင်ညိုသည် ဆောက်သမ်တန်ကို ရှုံးနိမ့်သောပွဲစဉ်တွင် ကွင်းလယ်ဒိုင်ကို ဝေဖန်မှုများ ပြုလုပ်ခဲ့သောကြောင့် အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ) က စွဲချက်တင်လိုက်ကြောင်း သိရသည်။ ဆောက်သမ်တန်ကို (၁-၃)ဂိုးဖြင့်  ရှုံးနိမ့်သော ပွဲအပြီးတွင် မော်ရင်ညိုက ဒိုင်လူကြီးများ အနေဖြင့် ချဲလ်ဆီးအသင်းကို ပင်နယ်တီပေးရန် စိုးရိမ်နေကြကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ ချဲလ်ဆီးတိုက်စစ်မှူး ဖယ်လ်ကာအိုသည် ဆောက်သမ်တန် ပင်နယ်တီ ဧရိယာအတွင်း လူချကစား ခံရသော်လည်း  ပင်နယ်တီ မရခဲ့သောကြောင့် မော်ရင်ညိုက ဝေဖန်ခဲ့ခြင်း ဖြစ်ပြီး ယင်းပင်နယ်တီသာ ရပါက အလှည့်အပြောင်းများ ဖြစ်သွားနိုင်ကြောင်း ဆိုခဲ့ခြင်း ဖြစ်သည်။ အက်ဖ်အေက မော်ရင်ညိုသည် ဒိုင်လူကြီးကို ဘက်လိုက်သည်ဟု စွပ်စွဲပြောကြား ခဲ့ခြင်းကြောင့် စွဲချက်တင်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ စွဲချက်ကို မော်ရင်ညိုအနေဖြင့်  ကြာသပတေးနေ့ နောက်ဆုံးထားပြီး ဖြေရှင်းချက်ပေးရမည် ဖြစ်သည်။
The Messenger
http://www.messengernewsjournal.com/

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment