ဘီလ်ဘာအိုအသင်း ကို ခြောက်ဂိုးပြတ်နိုင်သောပွဲ ပထမပိုင်းအပြီးတွင် အနားယူခဲ့ရသည့် မက်ဆီ၏ ဒဏ်ရာသည် စိုးရိမ်စရာမရှိဟု ဘာစီလိုနာအသင်း က ထုတ်ဖော်ပြောကြားသည်။
တနင်္ဂနွေနေ့ ပွဲစဉ်တွင် အဖွင့်ဂိုးသွင်းယူခဲ့သော မက်ဆီက ညာဘက်ခြေထောက် နာကျင်နေ ကြောင်း ပြောကြားပြီးနောက် အာဒါသူရမ်နှင့် လူစားလဲခဲ့သည်။
တနင်္လာနေ့က စမ်းသပ်မှုများ ပြုလုပ်ပြီးနောက် မက်ဆီသည်အနည်းငယ်ထိခိုက်ခဲ့သော်လည်းနည်းပြအင်းနရစ်အတွက် စိုးရိမ်စ ရာမရှိဟု ဘာကာအသင်းက အ တည်ပြုပြောကြားသည်။
သို့သော်၎င်းတို့၏ ကြယ်ပွင့် ကစားသမားအတွက် စွန့်စားမှု လုပ်မည်မဟုတ်ဟု ဘာကာ နည်းပြက ပြောသည်။ ယင်းအတွက် မက်ဆီမှာ ဘီလ်ဘာအိုနှင့် ကိုပါဒယ်ရေးကွာတားဖိုင်နယ် ပထမ အကျော့တွင် ပါဝင်နိုင်မည်လား မသေချာသေးပေ။
ထိုအတောအတွင်း ဂီဂျွန်ကိုဂိုးပြတ်နိုင်သော ပွဲတွင် ဒဏ်ရာရရှိခဲ့သော ဘေးလ်နှင့် ဘန်ဇီးမားတို့ ဒဏ်ရာများ မပြင်းထန်ဟု မျှော်လင့်ကြောင်း အသင်းဖော် မာ ဆယ်လိုက ပြောသည်။
ဂီဂျွန်နှင့် ပွဲတွင် ခြေစွမ်းပြ ခဲ့သော ဘေးလ်သည် ပထမပိုင်း ပြီးဆုံးခါနီး၌ ညာဘက်ခြေသ လုံးကြွက်သားဒဏ်ရာကြောင့် ထွက်ခဲ့ရပြီး ယင်းပွဲတွင် ဂိုးသွင်း ယူခဲ့သော ဘန်ဇီးမားကိုလည်း ဒုတိယပိုင်း၌ လူစားလဲခဲ့ရသည်။
နှစ်ဦးစလုံးကွင်းအတွင်းမှ လမ်းလျှောက်ထွက်သွားနိုင်ခဲ့၍ ဒဏ်ရာမပြင်းထန်နိုင်ကြောင်း မာ ဆယ်လိုက မျှော်လင့်နေသည်။
7day daily
0 comments:
Post a Comment