ဖာဂူဆန်၏ ဆူပူကြိမ်းမောင်းမှုများကို ရော်နယ်ဒို ရှင်းပြ


ရီးရဲလ်အသင်း တိုက်စစ်မှူး ရော်နယ်ဒိုသည် မန်ယူနည်းပြပောာင်း ဖာဂူဆန်၏ ဆူပူကြိမ်းမောင်းမှုများကို ရှင်းပြသွားခဲ့ကြောင်း သိရသည်။ ရော်နယ်ဒိုသည် မန်ယူအသင်းတွင် ပါဝင်ကစားစဉ် ဖာဂူဆန်၏ ပြုစုပျိုးထောင်မှုကြောင့် အကောင်းဆုံး ကစားသမားအဖြစ် ရောက်ရှိလာပြီး ရီးရဲလ်သို့ စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိသွားခြင်း ဖြစ်သည်။ ဖာဂူဆန်သည် မန်ယူအသင်းကို ကိုင်တွယ်ရာတွင် ဆူပူကြိမ်းမောင်းလေ့ရှိပြီး ရလဒ်များ ဆိုးရွားပါက မြင်မြင်သမျှ အရာအားလုံးကို ကန်ကျောက်လေ့ ရှိသည်။ ဖာဂူဆန်၏ အပြုအမှုကို Hairdryer Treatment ဟု အမည်ပေးထားသည်။ ရော်နယ်ဒိုက မိမိအနေဖြင့် ဖာဂူဆန်၏ အပြုအမှုများကို မှတ်မိနေကြောင်း၊ ဖာဂူဆန်သည် ရှုံးပွဲတွေ့ပါက တွေ့သမျှ အရာအားလုံးကို ကန်လေ့ရှိကြောင်း၊ ရေဗူး၊ ဖိနပ်၊ ထိုင်ခုံစသည်များကို ကန်ကျောက်ပြီး မျက်နှာကြီးလည်း နီလာကြောင်း၊ ထို့နောက် ဆဲဆိုမှုတွေ ပြုလုပ်လေ့ရှိကြောင်း၊ မိမိအတွက် မယုံကြည်နိုင်အောင် ဖြစ်မိကြောင်း၊ သို့သော် ယင်းအရာများသည် လေ့လာသင်ယူစရာ ဖြစ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
The Messenger
http://www.messengernewsjournal.com/
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment