ရက္ခိုင့်တပ်မတော် တပ်မှူးအဖြစ်စွပ်စွဲ ဖမ်းဆီးခံရသူ ဦးရန်နိုင်စိုးကို ရမန်ယူ စစ်ဆေးပြီးနောက် ထောင်ကိုပို့


(ဘင်္ဂလာဒေ့ရှ် မီဒီယာများတွင် ဖော်ပြသော ဦးရန်နိုင်စိုးနှင့် သက်တော်လှန်ရေး ခေါင်းဆောင် ချန်တူ လာလမား (အလယ်လူ) တို့အား တွေ့ရစဉ်)

ရန်ကုန်၊ အောက်တိုဘာ ၁၉

ရက္ခိုင့်တပ်မတော် တပ်မှူးအဖြစ်စွပ်စွဲ ဖမ်းဆီးခံရသူ ဦးရန်နိုင်စိုးကို ရမန်ယူ စစ်ဆေးပြီးနောက် ဘင်္ဂလာဒေ့ရှ် အာဏာပိုင်များက စစ်တကောင်းတောင်တန်းနယ် ရန်ဂါမတီ (သက်ထောင်) ထောင်ကိုပို့ဆောင်လိုက်ပြီဟု သိရသည်။

ဦးရန်နိုင်စိုးအား (၅) ရက်ကြာ ရမန်ယူစစ်ဆေးစဉ်အတွင်း အချက် အလက်အများအပြားကို မေးမြန်း ဖော်ထုတ်နိုင်ခဲ့သည်ဟု ဘင်္ဂလာရဲက ပြောဆိုသည်။

ဦးရန်နိုင်စိုးသည် အောက်တိုဘာလ ၁၃ ရက်နေ့က သူဇနီးသည်ရွာ ဖြစ်သော ရန်ဂါမတီခရိုင် ရာစတောလီ ဒေသတွင် ဘင်္ဂလာဒေ့ရှ် ပူးပေါင်းတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ ယင်းနောက်ပိုင်း ဘင်္ဂလာဒေ့ရှ် အာဏာပိုင်များက သူ့အား (၅)ရက် ရမန်ယူ စစ်ဆေးခဲ့သည်။

စစ်ဆေးရန် လိုအပ်ပါက တရားရုံးက ထပ်မံ ရမန်ယူမည်ဟု ရာဂျတာလီရဲစခန်းမှ ရဲအုပ် ၀ါဟစ်အူလ် ဆာကာ (Wahid Ullah Sarkar) က ပြောကြောင်း Bdnews 24 com တွင် ဖော်ပြထားသည်။

ဦးရန်နိုင်စိုးသည် နယ်သာလန်နိုင်ငံတွင် ခိုလုံခွင့်ရထားသူ ဖြစ်ပြီး ဘင်္ဂလာဒေ့ရှ်သို့ ပြန်လာကာ ရက္ခိုင့်တပ်မတော်ကို ကူညီနေစဉ် ဖမ်းဆီးခံရခြင်း ဖြစ်သည်။

Arakan State
https://www.facebook.com/NarinjaraNews
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment