ဆင်းရဲမှုကို လျှော့ချဖို့ မြောက်ကိုရီးယား ကြိုးစား


  မြောက်ကိုရီးယား အစိုးရ ပါတီရဲ့ နှစ် ၇၀ ပြည့် အခမ်းအနားမှာ ရိုးရာ ဓလေ့တစ်ခုကို တင်ဆက်စဉ် (Credit: Reuters)  
  မြောက်ကိုရီးယား ​နိုင်ငံရဲ့ ​ဆင်းရဲမွဲတွေ ​မှုကို ​လျှော့ချနိုင်ဖို့ ​အလုပ်သမားနဲ့ ​လယ်သမားတွေကို ​အစိုးရက ​ပိုလုပ်ခွင့် ​ပေးလာပေမယ့် ​ဘယ်လောက်အထိ ​အောင်မြင်မှုတွေ ​ရှိမလဲ ​ဆိုတာကိုတော့ ​မသိရသေးပါဘူး။

 အေဘီစီရဲ့ ​မြောက်အာရှဆိုင်ရာ ​သတင်းထောက် ​Matthew ​Carney ​က ​မြောက်ကိုးရီးယားနိုင်ငံ ​အစိုးရရဲ့ ​Workers' ​Party ​နှစ် ​၇၀ ​ပြည့် ​အခမ်းအနားကို ​ကြုံတောင့်ကြုံခဲ ​ဖိတ်ကြားခံခဲ့ရပါတယ်။

အဲဒီခရီးစဉ်အတွင်း ​မြို့တော် ​Pyongyang ​မြို့မှာ ​ရှိတဲ့ ​ရေကစားစရာ ​ဥယျာဉ်ကြီးတွေ၊ ​ဇိမ်ခံစရာ ​ပစ္စည်းတွေကို ​တွေ့ခဲ့ရပြီး ​သာမာန် ​ပြည်သူတွေ ​နေထိုင်ရတဲ့ ​ဘဝကိုတော့ ​မတွေ့ခဲ့ရဘူးလို့ ​ဆိုပါတယ်။

ဒါပေမဲ့ ​ဆင်းရဲမှုကို ​လျှော့ချဖို့ ​ကြိုးစားတာကို ​တွေ့ခဲ့ရပြီး ​လယ်သမားတွေကို ​လယ်ယာမြေပေးပြီး ​အဲဒီ ​မြေက ​ထွက်ရှိတဲ့ ​ဝင်ငွေ ​၇၀%ကို ​အစိုးရကို ​အပ်နှံပြီး ​၃၀% ​ကို ​လယ်သမားတွေ ​ယူတဲ့ ​စနစ်မျိုး ​ဖြစ်ပါတယ်။

အဲဒီ ​စနစ်ကြောင့် ​သူတို့မိသားစုအနေနဲ့ ​ငွေကြေးတွေအပြင် ​ရုပ်မြင်သံကြားလို ​ဇိမ်ခံပစ္စည်းတွေကိုလည်း ​ပိုတတ်နိုင်လာတယ်လို့ ​လယ်သမား ​Kim ​Myong ​Yon ​က ​ပြောပြပါတယ်။

ကွန်မြူနစ် ​နိုင်ငံမှာ ​သူပိုင် ​ကိုယ်ပိုင် ​မရှိတဲ့ ​အချိန်မှာ ​အခုလိုမျိုး ​လယ်ယာကို ​လယ်သမားတွေကို ​လုပ်ကိုင်ခွင့် ​ပေးတာတွေ၊ ​စက်ရုံမှာ ​အလုပ်မန်နေဂျာက ​အလုပ်သမားတွေကို ​စိတ်ကြိုက် ​ခေါ်ယူ ​ငှားရမ်းခွင့် ​ပေးတာတွေက ​ကောင်းမွန်တဲ့ ​ပြုပြင်ပြောင်းလဲမှု ​ဖြစ်တယ်လို့ ​ယူဆနေကြပါတယ်။

ဒါပေမဲ့ ​ဒီလို ​အပြောင်းအလဲမျိုးက ​မြို့တော် ​တစ်ခုတည်းမှာပဲ ​ဖြစ်နေတာလား၊ ​တခြားနေရာမှာလည်း ​အလားတူ ​ဖြစ်နေသလား ​ဆိုတာတော့ ​မသိရဘူးလို့ ​Matthew ​Carney ​က ​ပြောပါတယ်။

ကုလသမဂ္ဂ ​စာရင်းအင်းအရ ​မြောက်ကိုရီးယား ​နိုင်ငံသား ​၁၀ ​သန်းလောက် ​အစာငတ်မွတ်မှု ​ခံနေရပြီး ​ဒီနှစ်မှာ ​ဖြစ်ပေါ်တဲ့ ​မိုးခေါင် ​ရေရှားမှုကြောင့် ​အစားအသောက် ​ထုတ်လုပ်နိုင်မှု ​၁၄% ​ကျဆင်းဖို့ ​ရှိတယ်လို့ ​ခန့်မှန်းထားပါတယ်။

လယ်ယာမြေ ​ကဏ္ဍမှာ ​အပြောင်းအလဲတွေ ​ရှိလာပေမယ့် ​မြောက်ကိုရီးယားနိုင်ငံရဲ့ ​လူ့အခွင့်အရေးကတော့ ​စိုးရိမ်စရာ ​ဖြစ်နေဆဲပဲလို့ ​ဆိုပါတယ်။

မြောက်ကိုရီးယားမှာ ​နိုင်ငံရေး ​အကျဉ်းသား ​တစ်သိန်းနှစ်သောင်းက ​အလုပ်ကြမ်း ​လုပ်နေရပြီး ​မကြာခဏ ​နှိပ်စက်မှုတွေ၊ ​ကွပ်မြက်မှုတွေ ​ခံရလေ့ရှိပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment