တရုတ်ကို ဆန့်ကျင်တဲ့အနေနဲ့ ကန်စစ်သင်္ဘော ဖြတ်မောင်းမယ်


တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်သင်္ဘောတွေကို တွေ့ရစဉ် (Credit: Reuters)
 တောင်တရုတ်ပင်လယ်ပြင်က ​သူပိုင်ငါပိုင် ​အငြင်းပွားနေကြတဲ့ ​ဒေသမှာ ​တရုတ်က ​အတင်းအဓမ္မပိုင်ဆိုင်ကြောင်း ​လုပ်ပြနေတာတွေကို ​ဆန့်ကျင်တဲ့အနေနဲ့ ​အမေရိကန် ​စစ်သင်္ဘောတွေကို ​အဲဒီဒေသမှာ ​ဖြတ်မောင်းဖို့ ​စဉ်းစားနေတယ်လို့ ​အမေရိကန် ​အစိုးရက ​ပြောပါတယ်။

ပိုင်ဆိုင်မှု ​အငြင်းပွားနေကြတဲ့ ​နေရာမှာ ​တရုတ်က ​ကျွန်းအတုတွေ ​တည်ဆောက်ပြီး ​ပိုင်ဆိုင်ကြောင်း ​ပြသနေတဲ့အတွက် ​အဲဒီ ​ကျွန်းရဲ့ ​ရေမိုင် ​၁၂ ​မိုင်အတွင်းမှာ ​အမေရိကန် ​စစ်သင်္ဘောကို ​ဖြတ်မောင်းသွားဖို့ ​စဉ်းစားနေတာဖြစ်ပြီး ​နှစ်ပတ်အတွင်း ​လုပ်ဆောင်ဖို့ ​ရှိတယ်လို့ ​ဆိုပါတယ်။

အမေရိကန် ​ရေတပ်ကတော့ ​ရက်ပိုင်းအတွင်း ​သင်္ဘောဖြတ်မောင်းဖို့ ​ဆုံးဖြတ်ထားပေမယ့် ​အစိုးရရဲ့ ​ခွင့်ပြုချက်ကို ​စောင့်ဆိုင်းနေတာ ​ဖြစ်ပြီး ​အစိုးရကတော့ ​ခွင့်ပြုသင့်မသင့် ​စဉ်းစားနေတယ်လို့သာ ​ပြောဆိုထားပါတယ်။

အရင်လတုန်းကတော့ ​အမေရိကန် ​ကာကွယ်ရေးအရာရှိ ​Ash ​Carter ​က ​တရုတ်နိုင်ငံရဲ့ ​လုပ်ရပ်ကို ​ဆန့်ကျင်ကြောင်း ​ပြသဖို့ ​အဲဒီဒေသပေါ်ကို ​လေယာဉ်နဲ့ ​ပျံသန်းတာတွေ၊ ​စစ်သင်္ဘော ​ဖြတ်မောင်းသွားတာတွေ ​အစရှိတဲ့ ​နိုင်ငံတကာ ​ဥပဒေအတွင်း ​လုပ်လို့ရတဲ့ ​နည်းလမ်းပေါင်းစုံနဲ့ ​လုပ်ပြီး ​ဆန့်ကျင်မှုကို ​ပြသသွားမယ်လို့ ​ပြောဆိုခဲ့ဖူးပါတယ်။

အမေရိကန် ​စစ်သင်္ဘောတွေက ​တောင်တရုတ်ပင်လယ်ပြင်က ​Spratly ​ကျွန်းနား ​တဝိုက်ကို ​ဖြတ်သန်းနိုင်တဲ့ ​ကိစ္စနဲ့ ​ပတ်သက်ပြီး ​တရုတ်အနေနဲ့ ​အနီးကပ် ​စောင့်ကြည့်နေတယ်လို့ ​တရုတ်အစိုးရက ​တုန့်ပြန်ထားပါတယ်။

တရုတ်နိုင်ငံနဲ့ ​တခြား ​အာရှနိုင်ငံတွေအကြား ​ဖြစ်နေတဲ့ ​နယ်မြေပိုင်ဆိုင်မှု ​ပြဿနာကို ​အမေရိကန် ​အနေနဲ့ ​တရားမျှတစွာ ​ရှုမြင်ပေးဖို့ ​မျှော်လင့်ကြောင်း ​ပြောသွားခဲ့ပါတယ်။

တောင်တရုတ် ​ပင်လယ်ပြင်က ​Spratly ​ကျွန်းတဝိုက်မှာ ​တရုတ်အပြင် ​ဖိလစ်ပိုင်၊ ​ဗီယက်နမ်၊ ​မလေးရှား၊ ​ဘရူနိုင်းနဲ့ ​ထိုင်ဝမ်တို့က ​သူတို့လည်း ​ပိုင်ဆိုင်တယ်ဆိုပြီး ​အငြင်းပွားနေကြတာ ​ဖြစ်ပါတယ်။

ပိုင်ဆိုင်မှု ​အငြင်းပွားနေတုန်းမှာပဲ ​တရုတ်က ​ကျွန်းအတုတွေ ​ထပ်ဆောက်နေသလို၊ ​စစ်သုံးပစ္စည်းတွေပါ ​ထားရှိတဲ့အတွက် ​အမေရိကန်က ​စိုးရိမ်မကင်း ​ဖြစ်နေရတယ်လို့ ​ပြောပါတယ်။

အဲဒီကျွန်းတဝိုက်မှာ ​သဘာဝ ​သံယဇာတတွေ ​ပေါကြွယ်တယ်လို့လည်း ​ခန့်မှန်းနေကြပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment