သန်လျင်မြို့နယ်၊ အုတ်ဖိုစုဘူတာနှင့် အောင်သုခဘူတာကြား၊ ရထားနှင့်ကားပွတ်တိုက်မိ



တရားမဝင် ရထားသံလမ်းကူး၌ ရထားနှင့် ကားပွတ်တိုက်မိ ဓါတ်ပုံ - Zaw Shinn (fb)
နေပြည်တော်၊ အောက်တိုဘာ ၂၀

၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့ နံနက် ၉ နာရီ ၅၈ မိနစ်အချိန် ရန်ကုန်တိုင်း ဒေသကြီး၊ သန်လျင်မြို့နယ်၊ အုတ်ဖိုစုဘူတာနှင့် အောင်သုခဘူတာကြား၊ ရထားလမ်းမိုင်တိုင် အမှတ်(၁၅/၃-၂)ကြား၊ ငါးပြေမကျေးရွာအနီးရှိ မြေနီကားလမ်းမှ တရားမဝင်ဖောက်လုပ်ထားသည့် ရထားလမ်းကူးနေရာတွင် ရထားနှင့်ကားပွတ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်းသတင်းအရ ရထားရဲတပ်ဖွဲ့၊ အမှတ်(၁၂)တပ်ခွဲ၊ တပ်စု(၂)တိုးကြောင်ကလေးမှ ရဲတပ်ဖွဲ့ဝင်များနှင့် အမှတ်(၁၄)တပ်ခွဲ(အင်းစိန်)မှ ရဲတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းတက္ကသိုလ်ဘူတာဘက်မှ တိုးကြောင်ကလေးဘူတာဘက်သို့ ထွက်ခွာလာသည့် ညောင်ရမ်း(၂)လော်ကယ်ရထားစက်ခေါင်းနှင့် အဆိုပါ တရားမဝင်ရထား လမ်းကူးအား ဖြတ်သန်းမောင်းနှင်သည့် လှိုင်သာယာမြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်နေ သန်းလှိုင် (၂၃)နှစ်မောင်းနှင်လာသော YGN-1G/×××× HIJET အဖြူရောင်ယာဉ်၏ရှေ့တို့ ပွတ်တိုက်မိပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရှိရသဖြင့် သန်းလှိုင်အား သန်လျင်မြို့မရဲစခန်း (ပ)၆၈၉/၂၀၁၅၊ မီးရထားအက်ဥပဒေပုဒ်မ ၁၂၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment