ယူ ၂ဝ မြန်မာအသင်းရဲ့အနိုင်မခံအရှုံးမပေး ပြိုင်ပွဲဝင်စိတ်ဓာတ်အပေါ် အနုပညာရှင်တို့ ဂုဏ်ယူစကားသံ


နန်းဝင်း
”ဦးတို့တစ်သက်မှာ မြန်မာ ဘောလုံးအသင်းက ကမ္ဘာ့ဖလားကိုဝင်ကစားခွင့်ရခဲ့ပြီဖြစ်တဲ့အတွက် ကလေးတွေကို ကျေးဇူးတအားတင်တယ်။ ကမ္ဘာမှာ မြန်မာပါဝင် လာပြီ ဆိုပြီး ကမ္ဘာကို အားကစားနဲ့ ထိုးဖောက်နိုင်ခဲ့ပြီ။ ဒါကြောင့် ကျေနပ်တယ်။ ပီတိလည်းဖြစ်ရတယ်။ အောင်မြင်မှုဆိုတာ လွယ်လွယ်ကူကူနဲ့မရရှိနိုင်ပါဘူး။ အချိန်တွေ ရင်းရ တယ်။ ပြီးတော့ ဘဝတွေလည်း ရင်းကြရပါတယ်။ ကမ္ဘာမှာပြိုင်နေကျ၊ အသားကျပြီးသားဖြစ်နေတဲ့ အသင်းတွေနဲ့ကန်ရတာ။ ပြီးတော့ Bodyတွေကလည်း တွန်းတယ်၊ တိုက်တယ်နဲ့ ကစားကြတာပါ။ ရေခြား၊မြေခြားကို  ဒီကလေးတွေ အနေနဲ့သွားကစားကြရတဲ့အခါမှာ ဦးအနေနဲ့ မျက်ရည်တောင်ဝဲပါတယ်။ ဘာကြောင့် မျက်ရည်ဝဲတာလဲ ဆိုတော့ပြည်သူလူထု အားလုံးက မြန်မာဘောလုံးအသင်းရှုံးတာကို အပြစ်ပြောတာ တစ်ချက်မှမတွေ့ဘဲနဲ့ သူတို့လေးတွေကို လေးစားတယ်။ ကမ္ဘာ့ဖ လားမှာ မြန်မာတွေ ပါဝင်ခွင့်ရတာကို ကျေးဇူးတင်တယ် ဆိုတာမျိုးတွေပဲ တွေ့ရတယ်။ အဲဒီမှာ မြန်မာတစ်မျိုးသားလုံးရဲ့ အမျိုးသားစိတ်ဓာတ်ကို တွေ့ရတယ်။ အဲဒါကို မျက်ရည်လည်တာ။ ဒီ ကလေးတွေက သူတို့ရဲ့ကြိုးစားမှုကြောင့် တစ်နိုင်ငံလုံးကမေတ္တာကို ရကြတာပါ”
ဟဲလေး
”မြန်မာဘောလုံးအသင်းက ကမ္ဘာ့အဆင့်ကို ရောက်လာတော့ တစ်ကမ္ဘာလုံးက မြန်မာဆိုတာကို လည်း သိလာကြပြီလို့ ထင်ပါတယ်။ တခြားနိုင်ငံတွေက လည်း မြန်မာကို ဝိုင်းကြည့်ခြင်းခံရတဲ့အခွင့် အရေးတွေရလာပါပြီ။ ကျွန်တော်က မြန်မာ တစ်ယောက်အနေနဲ့ ရှုံးတာနိုင်တာထက်မြန်မာဘောလုံးအသင်းအတွက် ဂုဏ်ယူမိပါတယ်။ှSEA GAME မှာ မြန်မာနိုင်ငံကဂိုးတွေ အများကြီးသွင်း နိုင်တဲ့အတွက်လည်းပျော်ရွှင်ရပါ တယ်။ကမ္ဘာ့ဖလားမှာတော့မြန်မာ ဘောလုံးကရှုံးနေတယ်။ ရှုံးပေမယ့် လည်း မြန် မာအဆင့်ရဲ့ ကြိုးစားမှုစိတ် ဓာတ်တွေကပေါ်လွင်နေတာကိုတွေ့ ရတယ်။အရင်ကထက်လည်းSupporting  အင်အားတွေ ကောင်းလာတဲ့ အပြင် အားပေးမှု တွေ က လည်း များလာတော့ ဒီရက်တွေက ပီတိတွေ ရော၊ ပျော်စရာတွေရောတစ်ချိန် တည်းမှာရရှိလိုက်သလိုပါပဲ။ ကျွန် တော်ကတော့ မြန်မာနိုင် ငံသား ဖြစ်တဲ့ အတွက် မြန် မာ အသင်းကို တစ်ခဲနက်အားပေးနေမှာပါ။ နိုင် သည်ဖြစ်စေ၊ရှုံးသည် ဖြစ်စေ၊ နောင်ပွဲ တွေအတွက်လည်း ကြိုပြီးတော့ ရင်ခုန်နေမိပါတယ်”
ဖိုးချစ်
”ဝမ်းမနည်းပါဘူး။ အပြစ်လည်းမမြင်ရက်ပါဘူး။ ကမ္ဘာ့အဆင့်ကန်နိုင်တာနဲ့တင်ကျေနပ်နေပါပြီ။ အပြစ်ပြောမယ့်သူများလည်း ကိုယ့်ဘာသာကိုယ်စဉ်းစားပါ။ ကမ္ဘာ့ အဆင့် မပြောနဲ့ မြန်မာအဆင့်တောင် ဘယ်လောက်တာဝန်ကျေခဲ့သလဲ။ ကျေနိုင်သလဲ။ ဂုဏ်ဆောင်နိုင်ခဲ့သ လဲ။ လူကောင်သေးတာ ခွန်အား ကွာတာဘယ်သူ့အပြစ်လဲ။ ဘယ် သူတွေဘယ်တုန်းက ဒီလိုအမြော်အမြင်နဲ့လုပ်ပေးခဲ့ကြလဲ”
စန္ဒီမြင့်လွင်
”ဘယ်လိုပဲဖြစ်ဖြစ် ပထမဆုံးကမ္ဘာ့ဖလားပွဲမှာ သွားကန်တာဆိုတော့ နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ် စေအားပေးမှာပါပဲ။ ဒါအတွေ့အကြုံရသွားပြီ။ တစ်နိုင်ငံလုံးအတွက် အားလုံးအတွက် အတွေ့အကြုံတွေ ကောင်းသွားပြီ။ အဆင်ပြေသွားပြီ ပေါ့။ ကမ္ဘာ့ဖလားဝင်ခွင့်ရတာနဲ့တင် တော်တော်လေး ဂုဏ်ယူဖို့ကောင်း နေပြီ။ အဲဒီအတွက် သူ တို့ ကို ကျေးဇူးတင်သင့်ပါတယ်”
နန်းမြတ်ဖြိုးသင်း
”နန်းမြတ်ပထမပွဲတုန်းကလည်း အားပေးဖြစ်တယ်။ ပြည်သူ ပြည်သားတစ်ယောက်အနေနဲ့ သူတို့ ရဲ့ ကြိုးစားအားထုတ်မှုအပေါ်မှာ လည်း တအားကို ကျေးဇူးတင်ပါ တယ်။ ဒါကကိုယ့်နိုင်ငံရဲ့ ပထမဦးဆုံးသွားရောက် ယှဉ်ပြိုင်ခွင့်ရတဲ့ ဘောလုံးအားကစားလည်းဖြစ်တယ်။ သူတို့ရဲ့စိတ်ဓာတ်ကြံ့ခိုင်မှုတွေကို တွေ့ရတဲ့အတွက်လည်း တ အားပဲ ချီးကျူးမိပါတယ်။ တအားလည်းကြိုးစားကြတယ်။ ဒီတစ်ခေါက်ပထမ ဆုံးအတွေ့အကြုံတွေယူပြီးတော့  နောက်နှစ်တွေမှာ တအားအောင်မြင်တဲ့ အသင်းတစ် သင်းဖြစ်လာမယ်ဆိုတာနန်းမြတ်ကတော့ ယုံကြည်ပါတယ်”
ပေါ်ပြူလာအဖွဲ့
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment