တရုတ်နိုင်ငံ၊ ရှန်ဇီဒေသတွင် မြေအောက် မီးရထား စီးနင်းခဲ့သည့် အမျိုးသမီး ခရီးသွားတစ်ဦးကို အမျိုးသားတစ်ဦးက နောက်ကနေ မဖွယ်မရာ ပြုလုပ်ခဲ့သောကြောင့် ဝေဖန်စရာ ဖြစ်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်ကို ဗီဒီယိုရိုက်ကူးပြီး အင်တာနက်တွင် အောက်တိုဘာ (၇) နေ့၌ တင်ရှိခဲ့ရာ (၂) ရက်အတွင်း ကြည့်ရှုသည့် အကြိမ် အရေအတွက် ( ၁၄ ဒသမ ၂ ) သန်း ကျော်သွားခဲ့သည်။ ဗီဒီယိုဖိုင်တွင် ဖော်ပြထားချက်အရ အမျိုးသားသည် အမျိုးသမီး နောက်နားကို အသာကပ်ပြီး ကိုယ်နှင့် ပွတ်သပ်မှု ပြုလုပ်ခြင်း ဖြစ်သည်။ ယင်းမှာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်း ဖြစ်ပြီး အများပြည်သူ သွားလာနေသည့် ရထားပေါ်တွင် အမျိုးသမီး တစ်ဦးကို မဖွယ်မရာ ပြုလုပ်ခြင်း ဖြစ်သောကြောင့် ဝေဖန်ခဲ့ကြသည်။ အမျိုးသမီးသည် စကပ်တို ၀တ်ဆင်ထားပြီး ရထားပေါ်တွင် မတ်တတ်ရပ် လိုက်ပါလာခြင်း ဖြစ်သည်။ ထို့နောက် အမျိုးသားက နောက်ကကပ်ပြီး ပွတ်သပ်မှု ပြုလုပ်ခဲ့သောကြောင့် အမျိုးသမီးဖြစ်သူက ရှောင်ထွက်သွားခဲ့သည်။ အမျိုးသား ဖြစ်သူသည် အိတ်ကိုလွယ်ထားပြီး အကာအကွယ်ယူကာ လိင်ကိစ္စ အမြတ်ထုတ်သွားခြင်း ဖြစ်သည်။ ယင်းဖြစ်ရပ်အတွက် အမျိုးသမီးဖြစ်သူက တိုင်ချက် ဖွင့်ထားသလား ဆိုသည်ကို မသိရှိရပေ။ တရုတ်နိုင်ငံရှိ စိတ်ပညာရှင်တစ်ဦးက ရထားပေါ်တွင် မဖွယ်မရာပြုလုပ်သည့် အမျိုးသားသည် ဆေးကုရန်လိုကြောင်း၊ ယင်းသို့ ဆက်ဖြစ်ပါက အရေးယူ ခံရဖွယ်ရှိကြောင်း သတိပေးခဲ့သည်
The Messenger
http://www.messengernewsjournal.com/
0 comments:
Post a Comment