ဒေါ်အောင်ဆန်းစုကြည်ကို သရော်သူအား အရေးယူရန် တိုင်တန်းသူ၏ ဇနီး ခြိမ်းခြောက်ခံနေရ

N

LDပါတီ ဥက္ကဌေ ဒ်ါအောင်ဆန်းစုကြည်အား လူမှုကွန်ရက်ပေါ်တွင် နောက်ပြောင် သရော်ထားမှုကို အရေးယူပေးရင် တရားလိုပြု တိုင်ကြားထားသူ ဦးစည်သူအောင်၏ ဇနီးမှာ ခြိမ်းခြောက်မှုများ ခံနေရကြောင်း မဇ္ဈိမကို ပြောသည်။

ကန်ကြီးထောင့်မြို့၊ မြို့မရဲစခန်းတွင် စက်တင်ဘာလ၁၇ ရက်က အမှုဖွင့်ပြီးနောက် “တချို့ သတင်းစကားတွေ ကြားနေရတယ်။ ကျွန်တော် မိန်းမက ကျောင်းဆရာမ ဆိုတော့ NLDအင်္ကျီ ၀တ်လို့ အရေးယူမယ်၊ တိုင်မယ်ဆိုတာတွေ ကြားနေတယ်”ဟု တရားလိုပြု တိုင်ကြားထားသည့် ဦးစည်သူအောင်က ပြောသည်။

ဦးစည်သူအောင် ဇနီးမှ ကန်ကြီးထောင့်မြို့၊ ချောင်းစောက်ကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် တာဝန်ထမ်းဆောင်နေသည့် ကျောင်းဆရာမ တဦးဖြစ်သည်။

တိုင်ကြားခံထားရသူမှ ကန်ကြီးထောင့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ တွဲဘက်အတွင်းအရေးမှူး ဖြစ်ကြောင်းသိရသည်။ တိုင်ကြားထားသူက ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံအား ကန့်တော့ရန် တောင်းဆိုခဲ့ထားပြီး တဘက်မှ မီဒီယာများ ရှေ့မှောက်တွင် တောင်ပန်းခြင်းမပြုနိုင်ကြောင်း ပြောသဖြင့် အမှုဖွင့်ခြင်းဖြစ်ကြောင်း သိရှိရသည်။

အမှုဖွင့် ခံထားရသူအား ဖမ်းဆီးရမိခြင်း မရှိသေးပေ။ အမှုအား ကန်ကြီးထောင့်မြို့၊ မြို့မ ရဲစခန်းတွင် ပ၁၅၇/၂၀၁၅နှင့် အီလက်ထော့နစ်ပုဒ်မ ၆၆(ဃ)ဖြင့် စက်တင်၁၇ရက်တွင် အမှုဖွင့်ထားကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ Thu Thu အကောင့်ဖြင့် လူမှုကွန်ယက် စာမျက်နှာပေါ်တွင် စက်တင်ဘာလ ၂ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်ပုံကို ဓာတ်ပုံ ပညာဖြင့် ပြန်လည်ပြင်ဆင်လျက် သရော်ထားခြင်း ဖြစ်သည်။

Mizzima Burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment