မြန်မာနိုင်ငံတွင် ကျွဲနွားများ သတ်ဖြတ်ပူဇော်ခြင်း အလေ့အထကို ရပ်ဆိုင်းဖို့ အစိုးရကို တောင်းဆိုသွားမည်ဟု မဘသ ကိုယ်တော် ဦးဝီရသူ ပြောကြား


မြန်မာနိုင်ငံတွင် အစ္စလာမ် ဘာသာဝင်များ၏ ၀တ်စားဆင်ယဉ်မှု နှင့် ဓလေ့များကို ပိတ်ပင်ရန် တွန်းအားပေးသွားမည်ဟု ဦးဝီရသူက ရိုက်တာ သတင်းဌာနအား တနင်္ဂနွေနေ့က ရန်ကုန် သုဝဏကွင်းတွင် ပြုလုပ်သည့် မျိုးစောင့်ဥပဒေ အခမ်းအနား မတိုင်မီ ပြုလုပ်သည့် မေးဖြေကဏ္ဍတွင် ပြောကြားလိုက်သည်။

မဘသ၏ နောက်ဆက်တွဲလှုပ်ရှားမှုအဖြစ် အစ္စလာမ်ဘာသာဝင်များ၏ ယဉ်ကျေးမှု အလေ့အထများကို ပိတ်ပင်သွားရန် တွန်းအားပေးသွား မည်ဟု ဦးဝီရသူက ဆိုသည်။ မွတ်ဆလင်များ၏ အရေးအပါဆုံး ဘာသာရေးနေ့ဖြစ်သော အစ်ဒ်နေ့တွင် ကျွဲ ၊ နွား တိရစ္ဆာန်များ သတ်ဖြတ် ပူဇော်ခြင်း နှင့် တိရစ္ဆာန်များ သတ်ဖြတ်ရာတွင် ဟာလာ အစဉ်အလာအတိုင်း သတ်ဖြတ်ခြင်းတို့ကို ပိတ်ပင်သွားမည်ဟု ဆိုသည်။

“ဘုန်းကြီးတို့မှာ အစီအစဉ်တွေ ရှိပါတယ်။ တိရစ္ဆာန်တွေ သတ်ဖြတ်တာကို ရပ်ဆိုင်းခိုင်းဖို့ အစိုးရကို တောင်းဆိုသွားမယ်။ လိုအပ်ရင် လွှတ်တော်ထဲ အထိ သွားပါမယ်” ဟု ဦးဝီရသူက ဆိုသည်။

“ကျွဲ ၊ နွား တိရစ္ဆာန်တွေကို သတ်ဖြတ်တာက မွတ်ဆလင်တွေကို သွေးနဲ့ ရင်းနှီးစေပါတယ်။ သူတို့ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားရင် တိရစ္ဆာန်တွေကို သတ်ဖြတ်တာ ၊ ဟာလာ အစဉ်အလာအတိုင်း သတ်ဖြတ် တာကို ရပ်ဆိုင်းသင့်ပါတယ်” ဟု ဦးဝီရသူက ထပ်လောင်း ပြောကြားခဲ့သည်။

မွတ်ဆလင် အမျိုးသမီးများ၏ ဦးခေါင်း နှင့် တစ်ခါတစ်ရံ မျက်နှာကို အ၀တ်ပုဝါဖြင့် ဖုံးအုပ်ထားသည့် အစဉ်အလာကိုလည်း ဆန့်ကျင်သည့် လှုပ်ရှားမှု ပြုလုပ်သွားမည်ဟု ဦးဝီရသူက ဆိုသည်။

“သူတို့က အဲဒီဝတ်ရုံတွေကို အသေခံဗုံးခွဲဖို့ သုံးနိုင်ပါတယ် ။ ယောက်ျားတွေ က မိန်းမယောင်ဆောင်ဖို့လည်း အထောက်အကူ ဖြစ် ပါတယ်။ ဒါက တိုင်းပြည်ရဲ့ အချုပ်အခြာ အာဏာအတွက် လုံခြုံရေး ခြိမ်းခြောက်မှုပါ ။ ဒီ အစဉ်အလာ ရပ်တန့်သွားအောင် ဘုန်းကြီးတို့ လုပ်ရပါမယ် ” ဟု ဦးဝီရသူ က ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

KHTun
The Ladies News Journal
https://www.facebook.com/News.TheLadies
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment