မဲပေးခွင့်ရှိပေမယ့် စာရင်းပျောက်နေတဲ့ မြန်မာနိုင်ငံ လေးသန်းခန့်ရှိ


 နောက်လတွင် ကျင်းပမည့် မြန်မာနိုင်ငံ၏ ၂၅ နှစ်တာကာလအတွင်း လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲတွင် ကိုထွန်းလင်းနှင့် မြန်မာနိုင်ငံသား လေးသန်းခန့်မှာ ရွေးကောက်ပွဲတွင်ပါဝင် မဲပေးခွင့်မရကြချေ။ အသက် ၃၃ နှစ်အရွယ် ကိုထွန်းလင်းကဲ့သို့ ပြည်ပတွင် အလုပ်လုပ်ကိုင်နေကြသော သူများမှာ မဲစာရင်းတွင် မှတ်ပုံတင်ခွင့်မရကြချေ။ သို့သော် မဲစာရင်းမှားယွင်းမှုများနှင့် တိုင်းရင်းသားလူမျိုးစုများ အကြမ်းဖက်မှုများကြောင့် မဲဆန္ဒနယ်မြေများ ဖျက်သိမ်းထားမှုများကြောင့် လာမည့် ရွေးကောက်ပွဲ၏ အများ ယုံကြည်လက်ခံနိုင်မှုမှာလည်း ထိခိုက်စရာဖြစ်နေသည်။

''အစိုးရဟာ မြန်မာနိုင်ငံသားအားလုံး ဘယ်နေရာပဲရောက်နေပါစေ မဲပေးခွင့်ရအောင် လိုအပ်တဲ့အရာတွေ လုပ်မပေးခဲ့ဘူးလို့ ကျွန်တော်ထင်တယ်''ဟု လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ အာရှဌာနခွဲ၏ လက်ထောက် ဒါရိုက်တာ ဖီလ်ရောဘတ်ဆန်က ပြောကြားခဲ့သည်။

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ သမိုင်းတွင် အဓိက မှတ်တိုင်တခု ဖြစ်နေသည်။ မြန်မာနိုင်ငံ ၏ အာဏာရကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီကို အပြတ်အသတ်ရှုံးနိမ့်မည်ဟု မျှော်လင့်ရသည်။ သို့သော်လည်း ဘန်ကောက်မြို့မှ အနောက် တောင်ဘက် မိုင် ၃၀ အကွာတွင်ရှိသော မဟာချိုင်ရှိ ထိုင်းငါးဖမ်းဆိပ်ကမ်းဒေသမှ လူဦးရေ ၃၀၀,၀၀၀ နီးပါး ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားအင်အားစုများမှာမူ မဲဆန္ဒရှင်မှတ်ပုံတင်ရေးကိစ္စတွင် မတိကျမရေရာသော အခြေအနေရှိနေကြကြောင်း ပြောဆိုသံများ ကြားနေရသည်။

မြန်မာအစိုးရကိုယ်စားလှယ်များကလည်း ယင်းမြို့သို့လာရောက်၍ မြန်မာများ မဲပေးခွင့်ရှိကြောင်း လာရောက် ပြောဆိုမှုမရှိခဲ့ချေ။ မြန်မာရွှေ့ပြောင်းလုပ်သားများကလည်း ပြီးခဲ့သော တနင်္ဂနွေနေ့က ဘန်ကောက်သို့ သွားရောက်၍ မဲပေးရန် သွားရောက်ခဲ့ကြစဉ်က ၎င်းတို့ကိုင်ဆောင်ထားသော ယာယီပတ်ပို့စ်များဖြင့် မဲမပေး နိုင်ကြောင်းကို မသိခဲ့ကြချေ။

ပြည်ပတွင် တရားဝင်သွားရောက် အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသား နှစ်သန်းအနက် ၃၄၀၀၀ သာလျှင် မဲပေးခွင့်ရရန် အချိန်မီ မှတ်ပုံတင်နိုင်ခဲ့ကြောင်း အစိုးရက ပြောခဲ့သည်။ မြန်မာနိုင်ငံရှိ ရေလွှမ်းမိုးမှုဒဏ်ခံရသော အချို့ဒေသများတွင်လည်း မဲဆန္ဒပေးနိုင်မည့် အခြေအနေမရှိနိုင်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။ မဲဆန္ဒမပေးနိုင်သည့် အရေအတွက် မည်မျှရှိကြောင်း ခန့်မှန်းရန် မလွယ်ကူဟု ရွေးကောက်ပွဲကော်မရှင် ပြောခွင့်ရ ပုဂ္ဂိုလ်တဦးက ပြောခဲ့ဖူးသည်။ လေ့လာသူများကလည်း အရေအတွက် အတိအကျ ပြောဆိုရန် မဖြစ်နိုင်သော်လည်း မဲပေးရန် အခက်အခဲရှိသူ လူလေးသန်းခန့် ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။ တနိုင်ငံလုံး စုစုပေါင်း မဲပေးခွင့်ရှိ သူ ၃၃ ဒသမ ၅ သန်းအနက် ယခုကဲ့သို့ မဲမပေးနိုင်သည့် ပုဂ္ဂိုလ်မှာ ၁၀ ရာခိုင်နှုန်း ရှိနေသည်။ ဤကဲ့သို့ မဲပေးနိုင်ခွင့် ဆုံးရှုံးမှုများနှင့် မဲစာရင်းမှားယွင်းမှုများကြောင့် ရွေးကောက်ပွဲသည် လွတ်လပ်၍တရားမျှတမှုရှိရန် မဖြစ်နိုင်ကြောင်း ရှမ်းအမျိုးသားဒီမိုကရက်တစ်ပါတီမှ ခေါင်းဆောင် စိုင်းအိုက်ပေါင်းက ဝေဖန်ပြောကြားခဲ့သည်။

Ref; Reuters
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment