အရုပ်ပုံစံဖြစ်အောင် ပြုလုပ်ထားသော စုံတွဲ

ပြင်သစ်နိုင်ငံရှိ စုံတွဲတစ်တွဲသည် စိတ်တူကိုယ်တူရှိသည့် နေရာတွင် အံ့အားသင့်စရာ ဖြစ်ခဲ့သည်။ ယင်းစုံတွဲသည် အရုပ်ပုံစံများ ဖြစ်အောင် ခွဲစိတ်မှုများ ပြုလုပ်ခဲ့ရာတွင် ပေါင်(၂၀၀၀၀၀) နီးပါး ကုန်ကျခဲ့သော်လည်း နောက်ထပ် ခွဲစိတ်မှုများ ပြုလုပ်သွားကြဦးမည် ဖြစ်သည်။ အသက် (၂၃)နှစ် အရွယ်ရှိ ဒါဟာနှင့် အသက်(၂၀) နှစ်အရွယ်ရှိ အန်နာစတာဆီယာတို့သည်  ၂၀၁၃ တွင် ချစ်သူတွေ ဖြစ်ခဲ့ပြီးနောက် အရုပ်နှင့်တူအောင် ခွဲစိတ်မှုများ ပြုလုပ်ခဲ့ကြသည်။ မာဆေးလ်မြို့တွင် နေထိုင်ကြသော ဒါဟာနှင့် အန်နာစတာဆီယာ တို့သည် ခွဲစိတ်မှုများ ပြုလုပ်ပြီးနောက် သူတို့ကိုယ်သူတို့ ကင်နှင့် ဘာဘီပာု ပြောင်းလဲခဲ့ကြသည်။ ကင်နှင့် ဘာဘီတို့သည် နာမည်ကျော် အရုပ်များ ဖြစ်ကြသည်။ ထို့ကြောင့် ဒါဟာနှင့် အန်နာစတာဆီယာတို့သည် အရုပ်များနှင့် တူညီအောင် ပြုလုပ်နေကြခြင်း ဖြစ်သည်။
      အန်နာစတာဆီယာသည် တက္ကသိုလ် ကျောင်းတက်နေဆဲ ဖြစ်ပြီး၊ ယင်း၏ ဘ၀ကို အရုပ်တစ်ရုပ်လို ပြုလုပ်သွားရန် ရည်မှန်းထားသည်။  ဒါဟာမှာ ဖုန်းဆိုင် ဖွင့်လှစ်ထားသူဖြစ်ပြီး၊ ခွဲစိတ်မှုများ ဆက်လက်ပြုလုပ်ရန် စိတ်ကူးထားသည်။ သူတို့နှစ်ဦးသည် သင်္ဘောပေါ်တွင် ပြုလုပ်ခဲ့သည့် ပါတီပွဲတွင် တွေ့ခဲ့ခြင်းဖြစ်သည်။

      ယင်းနောက် အတူနေ ချစ်သူတွေ ဖြစ်လာပြီး အရုပ်များနှင့်တူအောင် ခွဲစိတ်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ငွေအများအပြား ကုန်ကျရာတွင် မိဘများက အဓိက ထောက်ပံ့ပေးခဲ့ခြင်း ဖြစ်သည်။ အန်နာစတာဆီယာသည် ငယ်စဉ်ကတည်းက အရုပ်များကို နှစ်သက်သူဖြစ်ပြီး၊ ဘာဘီရုပ် ( ၁၀၀) ကျော်ကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် အန်နာစတာဆီယာသည် အသက် (၁၅)နှစ်အရွယ် လောက်ကတည်းက အရုပ်တစ်ရုပ်လိုဖြစ်ရန် ဆန္ဒရှိခဲ့ခြင်း ဖြစ်သည်။ အသက် ( ၁၇) နှစ်အရွယ်တွင် နှာခေါင်းကို စတင် ပြင်ဆင်ခဲ့သည်။ ယင်းနောက် ရင်သားများကို ပြုပြင်ပြီး မျက်နှာကို ဆေးများထိုးခဲ့သည်။ ဒါဟာမှာလည်း နှာခေါင်းကို ပြုပြင်ပြီးနောက် ခွဲစိတ်မှုများ ဆက်တိုက် ပြုလုပ်ခဲ့သည်။ အန်နာစတာဆီယာသည် ခွဲစိတ်ခြင်းကြောင့် ရုပ်မှာ ငယ်ရွယ်ခြင်းမရှိဘဲ အသက်(၃၀)ကျော် အမျိုးသမီးကဲ့သို့ ဖြစ်နေသည်။ သူတို့နှစ်ဦးသည် ပြုပြင်မှုတွေ လုပ်ပြီးနောက် တန်ဖိုးကြီးကား၊ ရဟတ်ယာဉ် စတာတွေကို စီးပြီး ဆယ်လ်ဖီ ဓာတ်ပုံတွေ ရိုက်ကူးနေကြောင်း သိရသည်။
The Messenger
messengernewsjournal.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment