တရုတ်နိုင်ငံရှိ အမျိုးသားတစ်ဦးကတော့ အိမ်သာထဲ ကျသွားသည့်ဖုန်းကို ပြန်ဆယ်ရာတွင် ဒဏ်ရာရရှိသွားသည်အထိ ဖြစ်ခဲ့ရသည်။ Zhejiang အရပ်ဒေသတွင် နေထိုင်သော အမျိုးသားတစ်ဦးသည် ဆောင့်ကြောင့်ထိုင်၍ အိမ်သာတက်နေစဉ် ဖုန်းပြုတ်ကျ သွားသောကြောင့် လက်ဖြင့် ဆယ်ယူခဲ့သည်။
သို့သော် ဆယ်ယူရာတွင် အရှိန်လွန်သွားခဲ့သော လက်ကို အိမ်သာအပေါက်ထဲမှ ပြန်ဆွဲနှုတ်မရသဖြင့် အကူအညီ တောင်းခံရသည်။ ယင်းနောက် မီးသတ်တပ်ဖွဲ့ဝင်တွေ ရောက်လာပြီးလက်ကို ပြန်ထုတ်နိုင်ရေး အိမ်သာကို ဖျက်ဆီးလိုက်ရသည်။
အဆိုပါ အမျိုးသားသည် လက်တွင် ဒဏ်ရာများ ရရှိသွားသော်လည်း ဖုန်းပြန်ရမရကို သေချာမသိရကြောင်း သတင်းတွင် ရေးသားထားသည်။
The Messenger
messengernewsjournal.com
0 comments:
Post a Comment