တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၈ ဖွဲ့ အောက်တိုဘာ ၁၅ ရက်နေ့ အပစ်ရပ်လက်မှတ်ထိုးမည်

ဓာတ်ပုံ - MPC


အစိုးရနဲ့ အပစ်ရပ်လက်မှတ်ထိုးဖို့ ဆုံးဖြတ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၈ ဖွဲ့က လာမယ့် အောက်တိုဘာ ၁၅ ရက် မနက်ပိုင်း နေပြည်တော်မှာ အပစ်ရပ်လက်မှတ်ထိုးကြဖို့ သတ်မှတ်လိုက်ပါတယ်။ ဒါ့အပြင် တဖက် (၁၀) ဦးစီပါဝင်တဲ့ တနိုင်ငံလုံး “ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် လက်မှတ်ရေးထိုးပွဲ ကျင်းပရေး ပူးတွဲကော်မတီ” ကို ဖွဲ့စည်းခဲ့ပါတယ်။
အောက်တိုဘာ ၄ ရက်နေ့က ရန်ကုန်မှာ ပြုလုပ်တဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (အန်စီအေ) လက်မှတ်ရေးထိုးပွဲ ကျင်းပရေး ညှိနှိုင်းပွဲမှာ ရှမ်းပြည်တပ်မတော် တောင်ပိုင်း RCSS/SSA အဖွဲ့လည်း တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (အန်စီအေ) လက်မှတ်ရေးထိုးပွဲ ကျင်းပရေး ညှိနှိုင်းပွဲမှာ ရှမ်းပြည်တပ်မတော်တောင်ပိုင်း RCSS/SSA အဖွဲ့လည်း တက်ရောက်ခဲ့ပါတယ်။
စက်တင်ဘာ ၂၈ ရက်နေ့ကနေ ၃၀ ရက်နေ့ထိ ၃ ရက်ကြာမြင့်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ထိပ်သီးခေါင်းဆောင်တွေ အစည်းအဝေးကို ၁၉ ဖွဲ့က တက်ရောက်တဲ့အနက် ၇ ဖွဲ့က လတ်တလော လက်မှတ်ထိုးဖို့ ဆုံးဖြတ်ပြီး ကျန် ၁၂ ဖွဲ့က အားလုံးအတူတကွ ပါဝင်လက်မှတ်ရေးထိုးရေးကို ဆက်လက်စွဲကိုင်ထားကြပါတယ်။
DVB Burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment