ကလေးများအား စုန်းဟု စွပ်စွဲပြီး အနိုင်ကျင့် နှိပ်စက်မှုများ ရှိနေ

 

ဗြိတိန်နိုင်ငံတွင် သရဲဝင်ပူး နေသည်၊ ၎င်းက စုန်းအတတ် တတ်မြောက်သည်ဟု စွပ်စွဲပြီး ကလေးငယ်များအား အနိုင်ကျင့် နှိပ်စက်မှုများ ပိုမိုများပြား လာနေကြောင်း ဗြိတိန်မြို့ပြရဲတပ်ဖွဲ့က ပြောဆိုခဲ့သည်။
          ယခုနှစ်အတွင်း လန်ဒန်မြို့တွင် အထက်ပါအတိုင်း စွပ်စွဲခံရပြီး အနိုင်ကျင့်မှု (၆၀) မှု ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ အစီရင်ခံစာ တစ်ခုတွင် ဖော်ပြထားသည်။ ၂၀၁၃ ခုနှစ်တွင် (၂၃) မှုသာရှိခဲ့သော်လည်း ၂၀၁၄ ခုနှစ်တွင်( ၄၆) မှုရှိခဲ့သည်။
          ကလေးငယ်များအား စုန်းအတတ်၊ ပယောဂတို့နှင့် ပတ်သက်ပြီး နှိပ်စက်မှုများကို စုံစမ်းစစ်ဆေးရန် တာဝန်ယူရသည့် ရဲတပ်ဖွဲ့သည် လန်ဒန်မြို့တွင်သာ အခြေစိုက်ထားသဖြင့် အခြားမြို့များတွင် ယင်းကဲ့သို့ ဖြစ်ပျက်မှု မည်မျှရှိမည်ကို တိကျစွာ မသိနိုင် သေးချေ။
          ဗြိတိန်ရဲတပ်ဖွဲ့သည် ယင်းကဲ့သို့ ပြစ်မှုများအား မှတ်တမ်းတင် ထားခြင်းမရှိကြောင်း ဘီဘီစီ သတင်းဌာနက သတင်း အချက်အလက် လွတ်လပ်စွာ သိရှိခွင့်ဥပဒေ (Fol) အရ တောင်းယူကြည့်ရှုခဲ့ရာမှ သိရှိခဲ့ရခြင်း ဖြစ်သည်။
          ၂၀၁၄ ခုနှစ်တွင်း ဗြိတိန်နိုင်ငံတစ်ဝန်း ယင်းကဲ့သို့ပြစ်မှု (၃၁) မှုရှိခဲ့ကြောင်း ဘီဘီစီက လေ့လာတွေ့ရှိ ခဲ့သည်။ အင်္ဂလန်တွင် အမှု (၃၀) နှင့် ဝေလနယ်တွင် တစ်မှုတို့ ရှိခဲ့သည်။
          ယမန်နှစ်က အသက်ကိုးနှစ်အရွယ် ယောက်ျားလေးတစ်ဦး  မိစ္ဆာအဖြစ် စွပ်စွဲခံခဲ့ရပြီး မိဘများက နေအိမ်မှ နှင်ထုတ်ခဲ့သဖြင့် ကလေးသူငယ် စောင့်ရှောက်ရေးဌာနမှ ကယ်တင်ခဲ့ရကြောင်း လန်ဒန်ရဲတပ်ဖွဲ့မှ အရာရှိ တယ်ရီရှာ့ပ်က ပြောဆိုခဲ့သည်။
          ဘုရားကျောင်း များတွင်လည်း ငွေကြေးရရန် ရည်ရွယ်ချက်ဖြင့် စွပ်စွဲမှုများ ရှိနေကြောင်း ရှာ့ပ်က ပြောသည်။ ““တရားဟောဆရာက ဘုရားကျောင်းထဲမှာ စုန်းရှိတယ်ဆိုပြီး ဟိုရှာဒီရှာ လုပ်တယ်။ ပြီးတော့ ကလေးကို လက်ညှိုးထိုး ပြတယ်။ ပြီးလည်းပြီးရော ပယောဂ ကုကြပြန်ရော၊ ပယောဂကုရင် ငွေအများကြီး ကုန်တာ””ဟု ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။
Source:BBC
The Messenger
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment