လက်ဖြင့် စကိတ်စီးပြခဲ့သော ဂျာမနီနိုင်ငံသား


စကိတ်ကို ခြေထောက်ဖြင့်သာ စီးလေ့ရှိကြသည်။ သို့သော် ဂျာမနီနိုင်ငံသား တစ်ဦးက စကိတ်ကို လက်ဖြင့် စီးပြခဲ့ခြင်းကြောင့် အံ့အားသင့်စရာ ဖြစ်ခဲ့သည်။ စကိတ်ကို ရှေးနှစ်ပေါင်းများစွာကတည်းက ခြေထောက်အားပြုပြီး စီးနင်းခဲ့သော်လည်း မာကိုဟန်ဘန်က လက်ဖြင့်စီးရန် စိတ်ကူးပေါ်ခဲ့သည်။ သို့သော် စိတ်ကူးကို အကောင်အထည်ဖော်ရန် မာကိုပာန်ဘန် အနေဖြင့် အခက်အခဲများစွာ တွေ့ခဲ့သည်။ ပထမဆုံး ကြုံတွေ့ရသည်က စကိတ်ဖိနပ်တွင် လက်နှစ်ဖက်ထည့်ပြီး ကင်းမြီးကောက် ထောင်နိုင်ရန် ကြိုးစားခြင်း ဖြစ်သည်။ မာကိုဟန်ဘန်သည် ယခင်ကတည်းက စကိတ်ကို ကျွမ်းကျင်စွာ စီးတတ်သူ ဖြစ်သည်။
      သို့သော် မည်သူမျှ မစီးနိုင်သည့် အခြေအနေမျိုးဖြင့်စီးရန် စိတ်ကူးရခဲ့သောကြောင့် နေအိမ်တွင် အပြင်းအထန် လေ့ကျင့်ခဲ့သည်။ ကိုယ်အလေးချိန်ကို လက်ကတောင့်ခံနိုင်ရမည် ဖြစ်သောကြောင့် ကာယ လေ့ကျင့်မှုများကို ပြုလုပ်ခဲ့ရသည်။ နောက်ဆုံးတွင် လက်ဖြင့် စကိတ်စီးခြင်းကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်။သို့သော် လက်ဖြင့် စကိတ်စီးပြီး လှပသည့် စွမ်းရည်များ ပြသနိုင်ရေးအတွက် လေ့ကျင့်မှုများ နေ့စဉ်ပြုလုပ်နေရဆဲ ဖြစ်ကြောင်း သိရသည်။
The Messenger
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment