ဝါးကားတစ်စီး တိမ်းမှောက်၍ လမ်းဘေး တဲတိုက်များ ၀င်တိုက်မိ (၁)ဦးသေဆုံး၊ (၁၂)ဦး ဒဏ်ရာရ


 ဆင်ပေါင်ဝဲ အောက်တိုဘာ ၂၁

 မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ လဲဇင်ရဲကင်း စခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၂၀ ရက်နေ့တွင် ကိုးပင်-သာဂရလမ်း မိုင်တိုင် အမှတ် ၆၁/၀ နှင့် ၆၁/၁ အကြား ဆင်ပေါင်ဝဲ မြို့နယ်၊ ကန်ချောင်းကျေး ရွာ အုပ်စု၊ ဘန်းကုန်း သစ်ထုတ်လုပ်ရေး ဆင်စခန်း အနီးတွင် ၀ါးကား(၁)စီး တိမ်း မှောက်ကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့သည်။

ဖြစ်စဉ်မှာ ၄င်းလမ်းအတိုင်း သာဂရဘက်မှ ကိုးပင်ဘက် သို့ တောင်တွင်း ကြီးမြို့၊ တောင်ပြင်(၁) ရပ်ကွက်နေသူ ယာဉ်မောင်း အောင်သန်းဇော် (၃၄)နှစ် မောင်းနှင်ပြီး ယာဉ်ပေါ်တွင် ၀ါးခုတ်သား ကျား(၅)ဦး လိုက်ပါ လာသည့် ၃ခ/xxxx နစ်ဆန်း (၆)ဘီး ခေါင်းဖြူအပြာရောင် ယာဉ်သည် ၀ါးများ တင်ဆောင် မောင်းနှင်လာစဉ် လမ်းအကွေ့၌ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ရာ ကားမှာ ဘေးတစ်စောင်း အနေအထားဖြင့် လမ်းယာ ဘက်သို့ တရွတ်တိုက်ပါသွားပြီး အဆိုပါနေရာတွင် တဲထိုး၍ ၀ါးခုတ်လုပ်ကိုင်ရန် ရောက်ရှိ နေထိုင်သော တောင်တွင်းကြီးမြို့နယ်၊ စည်ပင်ခုံကျေးရွာ နေသူ ကိုမျိုးဝင်း (၂၄)နှစ်၊ (ဖ)ဦးလှခိုင် ၏ နေအိမ် တဲရှေ့တွင် ရင်ဇင်း ၁၁၀ အနက်ရောင် ဆိုင်ကယ် နှင့်အတူ ရပ်နေသော ကိုမျိုးဝင်း၊ တောင်တွင်းကြီးမြို့နယ်၊ ချင်းသပြေ ပင်ကျေးရွာ နေသူများဖြစ် ကြသော ကိုတင်မြင့် (၃၈)နှစ်၊ (ဖ)ဦးစံလှိုင် နှင့် ကိုကျင်သိန်း(၄၈)နှစ်၊ (ဖ)ဦးလှစိန် တို့၏ နေအိမ်တဲ များအား ဆက်လက် တိုက်မိခဲ့မှုကြောင့် တဲ(၂)လုံး ပြိုသွားခဲ့ပြီး ကိုကျင်သိန်း၏ တဲရှေ့တွင် ရပ်နေသော ဆင်ပေါင်ဝဲမြို့နယ်၊ ဘန်းကုန်းကျေးရွာနေသူ ကိုသန်းနိုင်ဦး (ခ)တက်ပု (၁၉)နှစ်မှာ ဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာ တွင် သေဆုံး သွားခဲ့ကြောင်း၊ ကိုကျင်သိန်း၏ တဲအတွင်း ရှိနေသော သမီးဖြစ်သူ မထက်ထက်ဝေ (၁၄)နှစ်နှင့် ကိုကျင်သိန်း၏ တဲသို့ဈေး ၀ယ်ရန် ရောက် ရှိ နေကြသော ဆင်ပေါင်ဝဲမြို့နယ် ဘန်းကုန်းသစ် ထုတ်လုပ်ရေး ဆင်စခန်းနေသူ မအေးအေးမြင့် (၂၇)နှစ် အပါအ၀င် မ(၃)ဦး၊ ကိုတင်မြင့်၏ တဲအတွင်း ရှိ နေသော ကိုတင်မြင့်၏သမီး မမြစံပယ် (၁၅)နှစ်၊ ကိုမျိုးဝင်း (၂၄)နှစ်၊ ယာဉ်မောင်း အောင်သန်းဇော်နှင့် ယာဉ်ပေါ်လိုက်ပါလာသူ ၀ါးခုတ် သားများ ဖြစ်ကြသော တောင်တွင်းကြီးမြို့နယ်၊ ရွာသာရွာ ကျေး ရွာနေ သူ အောင်အောင် (၃၂)နှစ် ပါကျား(၅)ဦး တို့တွင် ဒဏ်ရာများ အသီး အသီးရရှိခဲ့ကြောင်း သိရှိရပါသည်။

ဖြစ်စဉ်နှင့်ပါတ်သက်၍ စုစုပေါင်း ကျား(၇)ဦး၊ မ(၅)ဦးတို့ ဒဏ်ရာများရရှိခဲ့ပြီး ကျား(၁)ဦး သေဆုံး ခဲ့သဖြင့် ယာဉ်မဆင်မခြင် မောင်းနှင် သူ အောင်သန်းဇော် အား ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင်နယ်မြေ ရဲစခန်း ယာဉ်(ပ)၁၈/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄-က/ ၃၃၈/၃၃၇ အရ အမှု ရေးဖွင့် ဆောင်ရွက် လျှက် ရှိကြောင်း သိရသည်။

သန်းနိုင်ဦး(ငဖဲ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment