ရွှံ့နစ်နေသော ကားအား ၀ိုင်းတွန်းစဉ် အမျိုးသမီးတစ်ဦး ကားဘီးကြိတ်မိ၍ သေဆုံး


 ပွင့်ဖြူ အောက်တိုဘာ ၂၁

 မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ မဲဇလီရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သည် အောက်တိုဘာ ၁၉ ရက်နေ့ ည (၁၁)နာရီခွဲ အချိန်ခန့်တွင် မဲဇလီတိုက်နယ်ဆေးရုံ၌ ယာဉ်တိုက်မိ၍ သေဆုံးနေသော အမျိုးသမီး တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ သွားရောက်ကြည့်ရှု စစ်ဆေး ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပုသိမ်-မုံရွာကားလမ်းအတိုင်း စလင်းမြို့ဘက်မှ မဲဇလီရွာဘက်သို့ မကွေးမြို့၊ အောင်မေတ္တာ ရပ်ကွက် နေသူ ယာဉ်မောင်း သိန်းအောင် (၄၂)နှစ် မောင်းနှင် လာသော 5B/xxxx နီဆန်းဒီဇယ် အ၀ါရောင် (၁၂)ဘီး ယာဉ်မှာ ပွင့်ဖြူမြို့နယ်၊ ဆင်လူးကျေးရွာအနီး ပုသိမ်-မုံရွာကား လမ်း မိုင်တိုင်အမှတ် ၃၀၅/၁ နှင့် ၃၀၅/၂ အကြား ကားလမ်း ယာဘက်ဘေးတွင် ရွံ့နစ်နေသဖြင့် ကားအား စက်နိုးလျှက် နောက်သို့ဆုတ်စဉ် ဆင်လူ ကျေး ရွာနေ မစန်းပု(၄၇)နှစ် အပါအ၀င် ကျား(၂)ဦး၊ မ(၄)ဦးတို့မှ လူ အားဖြင့် မော်တော် ယာဉ်အား ၀ိုင်းဝန်း တွန်းထုတ်ပေးကြရာမှ မစန်းပုမှာ ကားဘေးသို့ ချော်လဲ ကျသွားပြီး ကားဝဲဘက်ရှေ့ဘီးဖြင့် ကြိတ်မိကာ ဒဏ်ရာများရရှိ သေဆုံးသွား ကြောင်း သိရှိရသဖြင့် ယာဉ်မဆင် မခြင် မောင်းနှင် သူ သိန်းအောင် အား ပွင့်ဖြူမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၄၉/၂၀၁၅၊ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄-က အရ အမှုဖွင့် အရေး ယူ ဆောင်ရွက်လျှက် ရှိကြောင်း သိရှိရသည်။

မောင်ညီညာ(မြေလတ်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment