ဇနီးသည်က ချစ်တင်းနှောခွင့်မပေးလို့ ရဲ ကို ဖုန်းဆက်တိုင်တဲ့ အမျိုးသား

အမျိုးသားတစ်ယောက်ဟာ ရဲတပ်ဖွဲ့ထံဖုန်းဆက်ပြီးတော့ သူ့ရဲ့ ချစ်သူကောင်မလေးက သူ နဲ့ ချစ်တင်းမနှောလို တဲ့အကြောင်းကို တိုင်ကြားလိုက်ပါတယ်။

Patrick Doggett ဆိုသူဟာ 911 ကိုဖုန်းဆက်ပြီး ရဲအရာရှိတွေကို ပြောပြခဲ့တာကတော့ သူ့ရဲ့ လက်တွဲဖော် ဇနီးသည်ဖြစ်တဲ့ Faye Woodruff ဟာ သူ့ကို ချစ်တင်းနှောခွင့် မပေးဘူးလို့ ပြောပြီး အိမ်ကိုလာခဲ့ဖို့ ခေါ်လိုက်ပါတယ်။

ရဲအရာရှိတွေဘည်း တောင်ကယ်ရိုလိုင်းနားပြည်နယ် ၊ Spartanburg ဆိုတဲ့မြို့က အသက် ၅၃ နှစ်အရွယ် Doggett ရဲ့ နေအိမ်ကိုရောက်လာခဲ့ပါတော့တယ်။

အဲဒီအခါမှာတော့ ဇနီးသည်ဖြစ်သူ Woodruff က ရဲတပ်ဖွဲ့ကို ပြောပြခဲ့တာကတော့ Doggett ဟာ အချိန်တိုင်းအရက်ပဲ သောက်နေခဲ့ပြီး သူဘယ်ရောက်လို့ရောက်နေမှန်းလည်း မသိဘူးလို့ အရင်ဆုံးတိုင်ကြားလိုက်ပါတယ်။ Doggett ဟာ အိပ်ယာပေါ်တက်ပြီး ချစ်တင်းနှောချင်နေပေမယ့် Woodruff က ငြင်းဆိုခဲ့တာဟာ သူတို့ရဲ့ မြေးလေးရှိနေလို့ပါလို့ Woodruff က ရဲတွေကို ပြောကြားခဲ့ပါတယ်။

ရဲ အရာရှိတွေ ဆက်လက်ရှာဖွေကြည့်လိုက်တဲ့အခါမှာတော့ သူ့ရဲ့ နေအိမ်မှာ ဆေးခြောက်သောက်တဲ့ ကိရိယာ တစ်မျိုးကိုလည်း တွေ့ခဲ့ရပြီး Doggett ဟာ အိမ်အပြင်မှာလည်း အရက်သောက်ပြီး သူ့ကို မူးယစ်ရမ်းကားမှု နဲ့ ဖမ်းခဲ့ပါတယ်။ သူဟာ Spartanburg မြို့နယ် ထောင်ထဲမှာ အထိန်းသိမ်းခံထားရတယ်လို့လည်း သိရပါတယ်။

( Mario )
သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
knowledge.thithtoolwin.com
Ref : Mirror
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment