မမျှော်လင့်ဘဲ နာမည်ကြီးသွားခဲ့သော ကျောင်းသူတစ်ဦး၏ ဖက်ရှင်စတိုင်


တရုတ်နိုင်ငံရှိ ကျောင်းသူတစ်ဦးသည် အ၀တ်အစားဝတ်ရာမှာ မမျှော်လင့်ဘဲ နာမည်ကြီးသွားခဲ့သည်။ ယင်းကျောင်းသူသည် အနီနှင့် အဖြူစင်းကျားပုံစံ ၀တ်ဆင်ခဲ့ခြင်းဖြစ်သည်။

 ယင်းသို့ ၀တ်ဆင်ခဲ့ရာတွင် ယာဉ်စည်းကမ်း ထိန်းသိမ်းရာတွင် အသုံးပြုသည့် ဖြူနီကျားနေရာသို့ ရောက်ရှိသွားခဲ့ပြီး  ဓာတ်ပုံရိုက်ပြီး လူမှုကွန်ရက်ပေါ် တင်ရှိခဲ့ရာ နာမည်ကြီးသွားခဲ့သည်။ အဆိုပါဝတ်စုံကို ယာဉ်စည်းကမ်း တားမြစ်ထားသည့် ၀တ်စုံအဖြစ် ခေါ်ဆိုခဲ့ကြသည်။ ၀တ်စုံနှင့် ယာဉ်စည်းကမ်း လိုက်နာရာတွင်သုံးသည့် ဖြူနီစင်း ကျားသည် တစ်ထပ်တည်း တူညီနေသည်။ ယင်းကို လူမှု ကွန်ရက်များတွင် နောက်ပြောင်မှုများ ပြုလုပ်ခဲ့သည်။
     
 တမင်တကာ ရည်ရွယ်ခြင်း မရှိသည့် ဖြစ်ရပ်များသည် စိတ်ဝင်စားမှုကို ဖြစ်စေသည်။ ယခုလည်း နန်ကျင်းတက္ကသိုလ်မှ စီးပွားရေးကျောင်းသူ ၀မ်သည် သူငယ်ချင်းဖြစ်သူ၏ ပြသမှုကြောင့် သူ၏ဖြစ်ရပ်ကို သိရှိခဲ့ရခြင်း ဖြစ်သည်။ 

ဝမ်သည် စက်တင်ဘာလကတည်း ဖြူနီစင်းကျား ၀တ်စုံကို ၀တ်ဆင်ခဲ့တာ ဖြစ်ပြီး၊ အောက်တိုဘာလမှ လူမှုကွန်ရက်တွင် နာမည်ကျော်နေသည်ကို သိခဲ့ရခြင်း ဖြစ်သည်။ ၀မ်က မိမိသည့် ကျောင်းသို့အလာ စားစရာဝယ်ရန် သွာရောက်စဉ် သူငယ်ချင်းများ၏ ဓာတ်ပုံရိုက်ခြင်းကို ခံလိုက်ရခြင်း ဖြစ်ကြောင်း ဟြေကြားခဲ့သည်။

 တရုတ်နိုင်ငံတွင် ယင်းဓာတ်ပုံကို ကြည့်ရှုသူ အရေအတွက်သည် သန်းနှင့်ချီရှိခဲ့ကြောင်း သိရသည်။ ၀မ်သည် ရိုးရိုးသားသား ၀တ်ဆင်ခဲ့သော်လည်း သူ၏ ဖက်ရှင်စတိုင်က မမျှော်လင့်ဘဲ နာမည်ကြီး သွားခဲ့ခြင်း ဖြစ်သည်။
The Messenger
messengernewsjournal.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment