ဒါရိုက်တာတို့ ထုတ်လုပ်ရေးတို့ကသာ အဖော်အချွတ်ပုံတွေ မတင်ပါနဲ့လို့တားရင် တင်ဖြစ်တော့မှာ မဟုတ်ကြောင်း ဇွန်သဉ္ဖာ ဖွင့်ဟ


လက်ရှိမှာ သီချင်းတွေလဲ လုပ်ဖြစ်နေသလို ဗီဒီယိုအနေနဲ့လဲ ငါးကားလောက် ရိုက်ကူးထားပြီးတဲ့ ဇွန်သဉ္ဖာရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုများနဲ့ သူကြိုးစားရုန်းကန်လာခဲ့ရတဲ့ ဘ၀အစိတ်အပိုင်းတချို့ကို ပြန်လည်ပြောပြလာတဲ့အခါ
-အခုလက်ရှိ အနုပညာလှုပ်ရှားမှုအနေနဲ့ ဘာတွေလုပ်ဖြစ်နေလဲ။
လတ်တလောက ဇွန်ကိုညိုနဲ့ ကားရိုက်ပြီးတဲ့နောက်ပိုင်း နယ်ရှိုးလေးတွေ သွားဖြစ်တယ်။ လတ်တလောက တာချီလိတ် သွားဖြစ်တယ်။ နောက်ပြီးရှေ့လ ၇ ရက်နေ့ဘန်ကောက်မှာပြုလုပ်မယ့် ချန်လုံ hair show မှာ မော်လ်ဒယ်အနေနဲ့သွားထိုင်ပေးရမယ်။ နောက်ဇွန် ပရဟိတလေးတွေ လုပ်ဖြစ်တယ်။ ရေဘေး ပြန်လည်ထူထောင်ရေးနဲ့ပတ်သက်ပြီး သီချင်းလေးတွေ လိုက်ဆိုပေးဖြစ်တယ်။
-နောက်ကိုညိုနဲ့ရိုက်ထားတဲ့ ကားလေး မထွက်သေးပေမဲ့ ပရိသတ်တွေ အရမ်းစိတ်ဝင်စားနေကြတယ်။ အဲ့ဒီကားလေးနဲ့ပတ်သက်ပြီးတော့လဲပြောပြပေးပါဦး။
အဲ့ဒီကားလေးက ကိုယ်ပိုင်အမှတ် ၃၇၆ ပေါ့။ မုဒိန်းမှုပေါ့။ ဇာတ်လမ်းလေးကယောကျာ်လေး တစ်ယောက်က အရမ်းမူးနေတဲ့အချိန်မှာ သူမသိပဲ မုဒိန်းကျင့်ခံလိုက်ရတာပေါ့။ သူ့ကို မုဒိန်းကျင့်သွားတဲ့ အမျိုးသမီးက သူနဲ့ပတ်သက်ဖူးတဲ့ မိန်းမတွေထဲက ဘယ်သူများဖြစ်မလဲပေါ့။ ဖြစ်နိုင်ခြေရှိတဲ့ မိန်းမသုံးယောက်နေရာမှာ မေပန်းချီပါတယ်။ ဇွန်ပါတယ်။ ဇာဇာထက်ပါတယ်။ သံသယဖြစ်ခံရတဲ့ မိန်းကလေးသုံးယောက်ရဲ့နေရာပေါ့။ ဒီကားလေးကို ရိုက်ရတဲ့အတွက် အရမ်းလဲ ၀မ်းသာတယ်။ ကျေနပ်ပါတယ်။ အိုက်တင်ပိုင်းကတော့ သိပ်အရေးမကြီးဘူး။ အရင်ကတည်းက သင်တန်းတွေတက်ထားတဲ့အတွက် အခက်အခဲမရှိဘူး။ ကိုဖြိုးငွေစိုးကလဲ လိုအပ်တာလေးတွေကို သင်ပြပေးပါတယ်။
-အဲ့ဒီကားလေးက ညီမလေးဘယ်နှစ်ကားမြောက်ရိုက်တဲ့ကားလေးလဲ။
ခေါင်းဆောင်အနေနဲ့ရိုက်တာ ၅ကားမြောက်ပေါ့။ ဒီကားလေးက ညီမအတွက်ထူးခြားတယ်။ နာမည်ကြီး ဒါရိုက်တာကိုညိုနဲ့ဆုံရတယ်။ တခြားသရုပ်ဆောင်တွေဖြစ်တဲ့ ကိုဖြိုးငွေစိုးတို့ကိုထွန်းတို့နဲ့လဲ တွဲပြီးသရုပ်ဆောင်ရတယ်။ အရှေ့၎ကားက ထူးခန့်ကျော်နဲ့တစ်ကား၊ မင်းသားသစ် ထွဋ်ခေါင်နဲ့တစ်ကား၊ နောက်နှစ်ကားက စည်သူပလပ်ကျွတ်နဲ့ပါ။
-ကိုညိုကပြောတယ်။ ညီမလေးက ပြောင်းလဲချင်စိတ်ရှိတယ်ပေါ့။ ဇာတ်ကားတွေသာ အဆက်မပြတ်ရိုက်လာရရင် အခုရပ်တည်နေတဲ့ Sexy photo model အနေနဲ့ရပ်တည်ဦးမှာလား။ ပြောင်းလဲဖြစ်မလား။
အဓိကကတော့ အစကတည်းက ဇွန်က သရုပ်ဆောင် တစ်ယောက်ဖြစ်ချင်ခဲ့တာပါ။ ဒါပေမဲ့ဒီလိုလမ်းကြောင်းပေါ်ကိုရောက်ဖို့အတွက်ဇွန့်မှာ အဆက်အသွယ်တွေ မရှိတဲ့အတွက် Sexy photo model အနေနဲ့ပဲ ရပ်တည်ခဲ့တာပါ။ နောက်ပိုင်း တကယ်လို့များ ကိုညို့လို ဒါရိုက်တာကြီးတွေနဲ့သာဆက်ပြီး လက်တွဲခွင့်ရမယ်ဆိုရင် ဒီသရုပ်ဆောင်အလုပ်နဲ့ပဲကျင်လည်ပြီး ကျရာ ဇာတ်ရုပ်ကိုကြိုးစားသွားမယ်။ ဒါရိုက်တာကပဲဖြစ်ဖြစ် ထုတ်လုပ်ရေးကပဲဖြစ်ဖြစ် ဇွန့်ကို ဒီလိုပုံတွေ မရိုက်ပါနဲ့တော့လို့တောင်းဆိုလာရင် ရိုက်ဖြစ်တော့မှာ မဟုတ်ပါဘူး။ အခုက ဖိုတိုမော်လ်ဒယ်အနေနဲ့က မလုပ်တော့တာတော့ မဟုတ်ဘူး။ ဓာတ်ပုံတွေက တင်တော့တင်မယ်။ ဒါပေမဲ့အ ရမ်းမဟုတ်တော့ဘူး။ လျှော့သွားမယ်။
-အနုပညာသက်တမ်းကရောဘယ်လောက်ရှိသွားပြီလဲ။
၂နှစ်ရှိပါပြီ။
-ဒီ၂နှစ်အတွင်းမှာ ဓာတ်ပုံအလန်းတွေရိုက်ပြီး လူသိလာခဲ့တယ်။ ဒါပေမဲ့ အားပေးတဲ့သူရှိသလို ဝေဖန်တဲ့သူတွေလဲရှိတော့ ဒီအပေါ်မှာရော ကိုယ့်စိတ်ကို ဘယ်လိုထားဖြစ်လဲ။
ပရိသတ်တွေကတော့ အမြဲအကောင်းတော့ မမြင်ဘူး။ အားပေးတာရှိတယ်။ ကဲ့ရဲ့ဝေဖန်တာရှိတယ်။ အပြင်ပွဲတွေမှာဆိုလဲ ကိုယ့်ကိုအားပေးပြီးမြေတောင်မြှောက်ပေးချင်တဲ့ actor ကြီးတွေနဲ့တွေ့ရတာမျိုးရှိတယ်။ တချို့လူတွေ ကျတော့လဲ ကိုယ့်ကို မတူသလိုမတန်သလို နှိမ်သလိုကြည့်တဲ့ အကြည့်မျိုးတွေလဲ ဇွန်တို့ခံရပါတယ်။ ဒါပေမဲ့ ကိုယ်က ဒီလောကမှာ ဒီလိုမျိုးလေးနေရာ တစ်နေရာလေး ရဖို့အတွက် ဇွန်တို့လိုဘာမှမရှိတဲ့ လူတစ်ယောက်အနေနဲ့တော့ ခဲယဉ်းပါတယ်။ ဒီလိုရပ်တည်ခွင့်ရတဲ့အတွက်ကို ဇွန်ကကျေးဇူးတင်နေပါပြီ။ သူတို့ဘယ်လိုပဲဝေဖန်ဝေဖန် ကဲ့ရဲ့ကဲ့ရဲ့ စိတ်ထဲမထားပါဘူး။ အခုဒီအလုပ်လေးကို လုပ်ခွင့်ရပြီး မိဘတွေကို ပြန်လုပ်ကျွေးခွင့်ရတယ်။ ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်နိုင်တယ်။ ဒါကိုပဲ ဇွန်ကကျေနပ်နေပါပြီ။ အားပေးတဲ့ပရိသတ်ကိုကျေးဇူးတင်သလို ကဲ့ရဲ့တဲ့ပရိသတ်တွေကိုလဲ ဘာမှမပြောချင်ပါဘူး။
-အခုလိုအဖော်အချွတ်ပုံတွေရိုက်တဲ့အတွက် အနုပညာရှင်အချင်းချင်းအထင်သေးတာရောခံရဖူးလား။
ဇွန်တို့ကို မင်းသမီးအချင်းချင်းပေါ့။ ကိုယ်တွေ စင်ပေါ်တက်တော့မှ အောက်ဆင်းသွားတာမျိုး၊ မတူသလို မတန်သလို ဆက်ဆံတာမျိုး၊ မနာလိုတာမျိုး အဲ့ဒီလိုမျိုးတွေ အများကြီးကြုံဖူးပါတယ်ရှင့်။ ဒါပေမဲ့ အဲ့ဒီအခါ ဘယ်လိုစိတ်ထားလိုက်လဲဆိုတော့ ကိုယ့်ကိုမနာလိုလို့ဆိုပြီးတော့ပဲပြန်ဖြေလိုက်ပါတယ်။
-သီချင်းတွေရောလုပ်ထားတာရှိဦးမလား။
Offical အခွေထွက်ဖို့ထိတော့ လောလောဆယ် အစီအစဉ်မရှိသေးပါဘူး။ သီချင်း လေးပုဒ်လောက်တော့လုပ်ထားတယ်။ ရှိုးတွေမှာ အကလေးနဲ့ ပါတွဲပြီး တင်ဆက်ပေးချင်လို့ပါ။ နောက်သူများ သီချင်းလေးတွေလဲ ဇွန်ဆိုဖြစ်တယ်။ ရှေ့လ ၂၈ဆိုရင်လဲပြင်ဦးလွင်မှာ သီချင်းဆိုဖို့ရှိတယ်။
-ဇွန့်ရဲ့ပညာအရည်အချင်းလေးကိုလဲသိချင်ပါတယ်။
ပညာရေးနဲ့ပတ်သက်ပြီး သမ္မတခေါ်တာကို စာတွေ့အောင် သွားပြီးတဲ့နောက်ပိုင်း လူတွေ့သွားရတယ်။ သူတို့က ဘယ်နိုင်ငံမှာတက်မလဲ။ဘယ်တက္ကသိုလ်မှာ တက်မလဲပေါ့။ ပြီးရင် ဒီနိုင်ငံကိုပြန်လာဦးမလားပေါ့။ သူများတွေကတော့ နိုင်ငံခြားက တက္ကသိုလ် အမိုက်စားကြီးတွေလျှောက်ကြတယ်။ ဇွန်ကတော့ဖြေခဲ့တယ်။ မြန်မာနိုင်ငံက နည်းပညာတက္ကသိုလ်ကို တက်ခွင့်ရမှပဲ သမ္မတပညာသင်ဆုကို ယူမယ်လို့ရေးခဲ့ပါတယ်။ သမ္မတပညာသင်ဆုက ဘယ်လိုလဲဆိုတော့ ဒေါက်တာဘွဲ့သွားတက်မယ်ဆိုရင် အနည်းဆုံး၎နှစ်လောက်တက်ရမယ်။ မလျှောက်ခင်ကတည်းကလဲသူတို့ကပြောပြီးသား ကိုယ်ကပညာသင်နှစ် ၄နှစ်တက်ပြီးရင် ပညာသင်နှစ်ရဲ့ နှစ်ဆ ရှစ်နှစ်စာ ဒီနိုင်ငံအတွက် အလုပ်လုပ်ပေးရမယ်ဆိုပြီး လက်မှတ်ထိုးရတယ်။ မလုပ်ပေးနိုင်ရင် သုံးဆလျော်ဆိုတော့ ဇွန်ကနိုင်ငံခြားမှာ လေးနှစ်သွားတက်ရင် အနုပညာ အလုပ်မလုပ်ရတော့ဘူး။ ပြန်လာရင်လဲ ရှစ်နှစ်နိုင်ငံအတွက် အလုပ်ပြန်လုပ်ရမယ်ဆိုတော့ အနုပညာနဲ့လုံးဝ ကင်းဝေးသွားမယ်။ အဲ့ဒါကြောင့်ဇွန်က သင်တန်းကာလလေးနှစ်ကို ရန်ကုန်မှာသာ တက်ခွင့်ရမယ်ဆိုရင် တက်နေတဲ့ အတောအတွင်းအနုပညာအလုပ်ကို ဆက်လုပ်လို့ရမယ်။ လေးနှစ်သင်ပြီးနိုင်ငံအတွက် ရှစ်နှစ်ပြန်လုပ်ပေးဆိုရင် အနုပညာအလုပ်ကို ရပ်ရမှာဆိုတော့ နောက်လေးနှစ်လောက်လုပ်ရမဆိုးဘူးဆိုပြီး ရန်ကုန်နည်းပညာတက္ကသိုလ်ကို ရွေးလိုက်တာပါ။ ဒုတိယ အင်တာဗျူးထက်ခေါ်မယ်ဆိုပြီးပြောတယ်။ နောက်ဒုတိယအင်တာဗျူးခေါ်ဖို့ ရက်ရွှေ့လိုက်တယ်ပြောပြီး ထပ်မဆက်သွယ်တော့ပါဘူး။ ဇွန်က နည်းပညာတက္ကသိုလ်မှော်ဘီကကျောင်းပြီးထားတယ်။ ဘွဲ့ကတော့ IT နဲ့ဘွဲ့ ရပြီးပြီ။ ME ဘွဲ့လဲပြီးသွားပြီ။ အဲ့ဒီအတွက် ၇ နှစ်ကျောင်းတက်ခဲ့ရတယ်။ နောက်ဒီလောကထဲ ၀င်ခဲ့တဲ့အတွက်ဒေါက်တာဘွဲ့ကို စိတ်မကူးနိုင်ခဲ့ဘူး။ အပြင်မှာ တက်ရင်ကုန်ကျစရိတ်များလို့ အစိုးရက စကော်လာခေါ်တာနဲ့ ME ပြီးသွားတဲ့အတွက်ဒေါက်တာဘွဲ့ကိုဆက်လျှောက်တာပါ။
-အချစ်ရေးကိုလဲပြောပြပေးပါဦး။
အချစ်ရေးကတော့ပုံမှန်ပါပဲ။ အေးအေးဆေးဆေးနဲ့ကိုယ့်အလုပ်တွေကိုနားလည်ပြီး ကိုယ့်ကိုချစ်တဲ့သူလဲ အနားမှာရှိနေပါတယ်။ ချစ်သူက အပြင်လောကကပါ။ ကိုယ့်အလုပ်တွေကို နားလည်ပေးတယ်။ ကိုယ့်ရဲ့ ပုံတွေတင်တာနဲ့ ပတ်သက်ပြီးတော့လဲ နားလည်ပေးတယ်။ အဲ့ဒါကြောင့် အဆင်ပြေနေပါတယ်။ ချစ်သူသက်တမ်းက တစ်နှစ်ကျော်နေပါပြီ။
ခင်ဆွေသက် 
Trend Myanmar
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment