လူကြမ်းကောင်းလို့ မင်းသမီးဇာတ်နာပြီး ပြည်သူတွေ အားပေးထောက်ခံလာခြင်းဖြစ်တယ် ဟု ဒီချုပ်နာယကဦးတင်ဦး ဆို



လူကြမ်းကောင်းလို့ မင်းသမီး ဇာတ်နာပြီး ပြည်သူတွေ အားပေး ထောက်ခံ လာခြင်း ဖြစ်တယ် ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးတင်ဦးက ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး အောက်တိုဘာ ၆ရက်က ပန်းဘဲတန်းမြို့နယ် အောက် ဘလောက် တွင် ကျင်းပသည့် ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးပွဲနှင့် မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ပြည်သူထံအပ်နှံသည့် အခမ်းအနား တွင် ပြောခြင်းဖြစ်သည်။

ဦးတင်ဦးက " အရင်ကဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်ချုပ်အောင်ဆန်းသမီးဆိုပြီး သိချင် လိုတွေ သူ့ကိုတွေ့ချင်တာ ဖြစ်တယ်။ အခုခါကျတော့ သူ့ရဲ့ဒီမိုကရေစီရေးကြိုးပမ်းမူတွေ ကို လူထုက နားလည်လာတယ်။ ရုပ်ရှင်ဇာတ်ကားတွေထဲကလိုပြောရရင် လူကြမ်းကောင်းလို့ မင်းသမီး ဇာတ်နာပြီး လူကြိုက်များလာတာဖြစ်တယ်"ဟု ပြောသည်။

အဆိုပါအခမ်းအနားတွင် ပြည်သူလူထုအနေဖြင့် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကာလနီးမှ တစ်ဖက်ကမက်လုံးပေး စည်းရုံးသမျှကို ယူပြီး ဒီမိုကရေစီအပြောင်းအလဲအတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးရန်တိုက်တွန်းခဲ့သည်။

အဆိုပါအခမ်းအနားတွင် ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင်လင်းလူ့အဖွဲအစည်း) မှ ဦးမင်းကိုနိုင်နှင့် ဦးမြအေးတို့က ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးဟောပြောခြင်း ၊ပန်းဘဲတန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းများက မိတ်ဆက် စကားပြောခြင်း များ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သတင်း - စိုင်းဟန်
The Ladies News Journal
https://www.facebook.com/News.TheLadies
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment