အောက်တိုဘာလ ၈ ရက်နေ့၊ ည ၉ နာရီခွဲ ခန့်က တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်၊ ပိတောက်(၉)လမ်းသွယ်၊ အိမ်အမှတ်( ၂/၉၂)ရှိ နေအိမ်ခန်းတွင် မီးလောင်မှုနှင့်အတူ လူသုံးဦး သေဆုံးမှုဖြစ်ပွားခဲ့ သည်။
ရဲတပ်ဖွဲ့ဝင်များကနေအိမ်အတွင်းဝင်ရောက်စစ်ဆေးရှာဖွေရာ အသက်(၅၁)နှစ်ရှိဒေါ်အားညွှန့်၏အိပ်ခန်းအတွင်း၌ ကုတင်နှင့် မွေ့ယာအပြင် မျက်နှာကျက်များ မီးလောင်ကျွမ်းပြီး၊ ကုတင်ပေါ်တွင် အသက်(၃၉)နှစ်ရှိ စိုင်းတစ် သည် ပက်လက် အနေအထားဖြင့် မီးလောင်ကျွမ်းကာ သေဆုံးနေပြီး၊ ဒေါ်အားညွှန့် မှာ ကုတင်ခြေရင်းတွင် မီးလောင် ကျွမ်းပြီး မှောက်လျက် သေဆုံးနေသည်ကို တွေ့ရှိရသည်။ သေဆုံးသူ စိုင်းတစ် ၏ ဦးခေါင်းအနီးတွင် မီးလောင် ထားသည့်ကုတင်ပေါ်မှ မီးလောင်ကျွမ်းထားသည့် အရိုးအသွား (၁၂)လက်မခန့်ရှိ ဓါးဦးချွန်(၁)ချောင်းအားတွေ့ရှိ ရကြောင်း ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ သိရသည်။
ထို့အပြင် အခန်းအတွင်းမှ အသက်(၈၆)နှစ်ရှိ ဒေါ်အားဆု သည် ကုတင်ပေါ်၌ လည်ပင်းဝဲဘက်ဘေးတွင် (၄)လက်မခန့် ပြတ်ရှဒဏ်ရာ (၁)ခုရရှိကာ မှောက်လျက်အနေအထားတွေ့ရှိရပြီး၊ ဒေါ်အားဆုအား ဆေးရုံသို့ ဆက်လက် ပို့ဆောင်ရာ ဆေးရုံအရောက်တွင် ကွယ်လွန်သွားခဲ့သည်။ အခန်းအတွင်း၌ ဓါတ်ဆီထည့် သည့် ပလပ်စတစ်ဗူးခွံ(၁)ဗူးအား တွေ့ရှိရသဖြင့် လူသတ်ပြီးနေအိမ်မီးရှို့သွားသူအား စုံစမ်းဖော်ထုတ်အရေးယူနိုင်ရန် အတွက် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
0 comments:
Post a Comment