မော်ချီးမှာ မြေပြို၊ ကလေးဝမှာ တောင်ကျချောင်း ရေကြီး

မော်ချီးမှာ မြေပြိုမှုတွေ ဖြစ်တဲ့အတွက် သွားလာရေး ခက်ခဲတယ်လို့ သိရ (ဓာတ်ပုံ - Kantarawaddy Times)  
 ကယားပြည်နယ် ​မော်ချီးဒေသမှာ ​မြေပြိုင်မှု ​ဖြစ်ခဲ့တဲ့အတွက် ​လူ ​၆ ​ယောက် ​သေဆုံးခဲ့တယ်လို့ ​သိရပါတယ်။

မိုးသည်းထန်မှုကနေ ​ရတနာ ​အောင်မြေ ​ရပ်ကွက်မှာ ​မြေပြိုင်မှုတွေ ​ဖြစ်ပြီး ​ဘုရားကျောင်း၊ ​စာကြည့်တိုက်အပြင် ​အိမ်တွေလည်း ​ပျက်စီးခဲ့တယ်လို့ ​ကန္တာရဝတီထိုင်းမ်စ် ​သတင်းမှာ ​ဖော်ပြထားပါတယ်။

မနေ့တုန်းက ​မြေပြိုမှုတွေ ​ဖြစ်ခဲ့ပြီး ​အဲဒီ ​ဖြစ်ရပ်ကြောင့် ​အိမ်ထောင်စု ​ငါးဆယ်လောက် ​ဒုက္ခရောက်နေကြပြီး ​အခုလောလောဆယ် ​ဓမ္မာရုံမှာ ​စုနေကြရတယ်လို့ ​ဆိုပါတယ်။

အဲဒီဒေသကို ​သွားဖို့ ​ဆက်သွယ်ထားတဲ့ ​လမ်းတွေ၊ ​တံတားတွေလည်း ​ပျက်စီးနေတဲ့အတွက် ​ပိုပြီး ​ဒုက္ခရောက်နေရတယ်လို့လည်း ​ဆိုပါတယ်။

အလားတူ ​ကလေးဝမြို့နယ် ​ကျောင်းကြီးရွာမှာလည်း ​တောင်ကျချောင်းရေကြောင့် ​နေအိမ်တွေ ​မျောပါပြီး ​လူ ​၁၄ ​ဦး ​မျောပါ ​ပျောက်ဆုံးနေတယ်လို့ ​ဘီဘီစီ ​သတင်းမှာ ​ဖော်ပြထားပါတယ်။

ကလေးဝမြို့နယ်က ​မဟာမြိုင်တောဟာ ​အရင်တုန်းက ​သစ်ပင်တွေ ​ထူထပ်တဲ့တော ​ဖြစ်ခဲ့ပေမယ့် ​သစ်တွေ ​အလွန်အကျွံခုတ်ထွင်းမှုကြောင့် ​တောပြုန်းပြီး ​ရေမထိန်းနိုင်လို့ ​နှစ်ထပ်အိမ်အမြင့်လောက်ရှိတဲ့ ​တောင်ကျရေလှိုင်းတွေ ​ဖြစ်ပေါ်တာ ​ဖြစ်တယ်လို့ ​ပြောဆိုနေကြပါတယ်။

 ABC Radio Australia
http://www.radioaustralia.net.au/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment