ရုရှားနိုင်ငံက အမျိုးသမီး အနုပညာရှင် တစ်ဦးသည် သမ္မတပူတင်၏ ပုံတူရုပ်ကို ရင်သားဖြင့် ရေးဆွဲခဲ့သည်။ အီရီနာရိုမန် နိုစကီယာသည် အပြာရောင် ပန်းချီဆေးကို ရင်သားတွင် ခြယ်ပြီးနောက် စက္ကူရွက်ကို ရင်သားဖြင့် ထိစေပြီး ပူတင်၏ ပုံတူရုပ်ကို ရေးဆွဲခဲ့ခြင်း ဖြစ်သည်။ စိန့်ပီတာ စဘတ်မြို့တွင် နေထိုင်သည့် အီရီနာသည် အနုပညာရှင်များ၏ လူမှုဘ၀ကို နိုင်ငံရေးသမားများ သိလာနိုင်ဖို့ ရည်ရွယ်ပြီး ယင်းကဲ့သို့ ရေးဆွဲခဲ့ခြင်း ဖြစ်ကြောင်း ရှင်းပြခဲ့သည်။ အီရီနာသည် ပူတင်သာမက ရုရှားဝန်ကြီးချုပ် ဒီမစ်ထရီမက်ဒီဗက် ပုံတူကိုလည်း ရင်သားဖြင့် ရေးဆွဲခဲ့သည်။ အီရီနာက ပူတင်၏ပုံကို မိမိကဲ့သို့ ရေးဆွဲမည့်သူ မရှိနိုင်ကြောင်း၊ မိမိ၏ ရည်ရွယ်ချက်မှာ နိုင်ငံရေးသမားများ အနေဖြင့် အနုပညာရှင်များကို တန်ဖိုးထား လေးစားရန် ဖြစ်ကြောင်း၊ မိမိတို့ကို မည်သည့် နိုင်ငံရေးသမားမှ စိတ်မ၀င်စားကြောင်း၊ ရင်သားဖြင့် ရေးဆွဲရာတွင် ရှုပ်ထွေးမှုများ ရှိကြောင်း၊ တစ်ခုလွဲသွားပါက အစက ပြန်ရေးဆွဲရကြောင်း ပြောကြားခဲ့သည်။
The Messenger
http://www.messengernewsjournal.com/
0 comments:
Post a Comment